ဖားကန့် ရာအိမ်မှူး ၂ ဦး တာဝန်မှရပ်ဆိုင်းရေး ဒေသခံများ တောင်းဆိုမှုကို အစိုးရ မတုံ့ပြန်သေး

ဖားကန့် ရာအိမ်မှူး ၂ ဦး တာဝန်မှရပ်ဆိုင်းရေး ဒေသခံများ တောင်းဆိုမှုကို အစိုးရ မတုံ့ပြန်သေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်ဝမ်းကလေးကျေးရွာမှ ရာအိမ်မှူးနှင့် ဒု-ရာအိမ်မှူးတို့ ၂ ဦးကို တာဝန်မှ ရပ်ဆိုင်းပေးရန် နှင့် အတူ ပြင်းထန်သော မိုင်းခွဲနေ မှုနှင့်ပတ်သက်ပြီး စီစစ်အရေးယူပေးပါရန် ရပ်မိရပ်ဖ ဒေသခံများအနေဖြင့် သက်ဆိုင်ရာ အစိုးရဌာနသို့ လျှောက်လွှာ ၂ စောင် တင်ခဲ့ကြ သော်လည်း သက်််ဆိုင်ရာ အစိုးရဘက်မှ ယနေ့ချိန်ထိ တုံ့ပြန်မှု မရှိသေးကြောင်း ယခုကိစ္စကို ဦးဆောင်နေသူ ဒေသခံ ဦးဇေယျာက ယခုလို ကချင်သတင်းဌာန KNG ကိုပြောသည်။

"သူတို့နှစ်ဦးက ကျေးရွာဖွွံ့ဖြိုးရေးတွက်လည်း ဘာမှ လုပ်တာမရှိဘူး။ ကျေးရွာပိုင်မြေတွေကိုလည်း သူတို့ နှစ်ယောက်သဘောအတိုင်း ရောင်းစားတာလား ဘာလားမသိဘူး။ ရပ်မိရပ်ဖတွေက်ို တိုင်ပင်တာလည်း မရှိဘူး။ ပြီးတော့ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီက ပြင်းထန်တဲ့မိုင်းတွေခွဲနေတဲ့အပေါ်မှာ ကျောက်စိမ်း တူးဖော်ရေး ကမ်းပါးအနီးမှာရှိတဲ့ ဒေသခံတွေတွက် မလိုအပ်တဲ့ အသက်အန္တရယ်တွေ ကျရောက်လာ နိုင်တာလည်း သူတို့ ၂ ယောက် ကတော့ ကုမ္မဏီဘက်ကိုဘဲ ကာကွယ်ပေးနေတယ်။ အဲတာကြောင့် ကျနော်တို့ အနေနဲ့ အထက်လူကြီးတွေ အရေးယူပေးဖို့ စာတင်ခဲ့တာဖြစ်ပါတယ်။”

၎င်းစာတွင် ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ ၇၀ လက်မှတ်များ ပါဝင်ကြောင်းလည်း သိရသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် ဖားကန့် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်မှ ပြင်းထန်သော မိုင်းခွဲနေမှုနှင့် ပတ်သက်ပြီး လာရောက်စစ်ဆေးခဲ့သော်လည်း ယနေ့ချိန်ထိ တုံ့ပြန်မှု မရှိသေးသောကြောင့် ယခုလိုစာတင်လိုက်ရခြင်းဖြစ်ကြောင်း ဦးဇေယျာ ထံမှ သိရသည်။

January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...