မသန်စွမ်းမှတ်ပုံတင်ကတ် ဘားအံနှင့် လှိုင်သာယာတွင် စမ်းသပ်ထုတ်ပေးမည်

မသန်စွမ်းမှတ်ပုံတင်ကတ် ဘားအံနှင့် လှိုင်သာယာတွင် စမ်းသပ်ထုတ်ပေးမည်
by -
အောင်မြတ်သူ
(ဓာတ်ပုံ-EPA)
(ဓာတ်ပုံ-EPA)

ကိုယ်လက်အင်္ဂါမသန်စွမ်းသူများအတွက် အားသာချက်များရရှိစေရန် ရည်ရွယ်ကာ လာမည့် အောက်တိုဘာလ တွင် မသန်စွမ်းမှုမှတ်ပုံတင်ကတ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ရန်ကုန်၊ လှိုင်သာယာတို့တွင် ကနဦး Pilot ပရောဂျက်ဖြင့် ပြုလုပ်ပေးသွားမည် ဖြစ်သည်။

“ အဲဒီအတွက်ကိုလည်း ကျွန်တော်တို့က ၂၀၁၈-၂၀၁၉ တစ်နှစ်တာဘတ်ဂျက်မှာ ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါတယ်။ လိုအပ်တဲ့သင်တန်းတွေ၊ စေတနာနဲ့ ပါဝင်ဆောင်ရွက်ပေးမယ့်   ဗော်လန်တီယာတွေ ရွေးချယ်ပြီးရင် စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့ က နေပြည်တော်ရှိ Kempiski ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ခေတ္တရပ်နားချိန်တွင် ပြောခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပိုင်းလော့ပရောဂျက်ပြီးဆုံးပါက ၄င်းမှ ရရှိသည့် အားနည်းချက်၊ အားသာချက်များကို ပြန်လည် သုံးသပ်ကာ တစ်နိုင်ငံလုံးတွင် မသန်စွမ်းမှုမှတ်ပုံတင်ကတ်များကို ထုတ်ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

“ဥပမာ-မှတ်ပုံတင်ကတ် ရှိတဲ့အတွက် ယာဉ်စီးခကို မြို့တွင်းဆို ၅၀၀ ကျတဲ့ခရီးစဉ်ကို သူတို့ကို ဘယ်လောက် ယူမလဲ။ ၃၀၀ လောက်ကျတဲ့ပုံစံမျိုးပေါ့။ အဲဒါပြီးရင် မြို့တွင်းအပြင် ရန်ကုန်ကနေ နေပြည်တော်ကို သွားမယ် ဆိုရင် ကားလက်မှတ်က ၆၀၀၀ ကျမယ်။ သူတို့ကို ကျွန်တော်တို့က ဘယ်လောက် သတ်မှတ်ပေးမလဲ။ ဒါမျိုးတွေကို လျှော့ပေါ့ပေးဖို့ သတ်မှတ်ဖို့ လိုတာပေါ့။ တစ်ဖက်မှာ ပိုင်းလော့လုပ်နေတဲ့အချိန်မှာ ဒီဘက်မှာ အဲ့ဒီကိစ္စတွေကို ညှိမယ်” ဟု ဦးစွမ်းရည်ရက ပြောသည်။

မသန်စွမ်းမှု အဆင့်ကို ၄ ဆင့်အနေဖြင့် သတ်မှတ်မည်ဆိုပါက အဆင့်အနည်းငယ်တွင် ပါဝင်သူများကို ဝန်ဆောင်မှုအနေဖြင့် အပြည့်အဝ ရရှိမည်မဟုတ်ဘဲ ဆိုးရွားစွာပြင်းထန်သည့်သူများကို ကျန်းမာရေး စောင့်ရှောက်မှုအခမဲ့၊ အဆိုပါသူသည် အလုပ်လိုချင်ပါကလည်း ၄င်း၏ဆန္ဒအတိုင်း လုပ်ပေးမည့် အဆင့်များ သတ်မှတ်ထားသည်ဟု သိရသည်။

အဆိုပါ မြို့နယ်နှစ်ခုတွင် ပြုလုပ်မည့် မသန်စွမ်းမှတ်ပုံတင်ကတ် ထုတ်ပေးမည့် ပိုင်းလော ပရော့ဂျက်သည် ၄ လခန့် ကြာမြင့်မည်ဖြစ်ကာ ၄င်းပရော့ဂျက်မှ ရရှိသည့် အဖြေများနှင့်အတူ တစ်နိုင်ငံလုံးတွင် ကတ်ထုတ်ပေးရန် တစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်သည်။

လက်ရှိ စာရင်းဇယားများအရ မြန်မာတစ်နိုင်ငံလုံးတွင် ကိုယ်လက်အဂါင်္မသန်စွမ်းသူ ဦးရေသည် ၂၁ သိန်း ကျော် ရှိသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...