KIA မသင်္ကာမှုဖြင့် ဖမ်းဆီးခံ ကထန်ယန် ရွာသား ၂ဦးကို ပထမဆုံး ရုံးထုတ်

KIA မသင်္ကာမှုဖြင့် ဖမ်းဆီးခံ ကထန်ယန် ရွာသား ၂ဦးကို ပထမဆုံး ရုံးထုတ်

ကချင်ပြည်နယ်၊ ကထန်ယန်မှ ဖမ်းဆီးခံထားရသည့် ဦးဖော်ယမ်လဆမ်နှင့် ဦးလဖျော်ခေါင်ဒေါင်တို့ ၂ ဦးအမှု အား လာမည့် အောက်တိုဘာလ လဆန်း၂ ရက်နေ့တွင် ဒုတ်ိယ အကြိမ်မြောက် ထပ်မံ ချိန်းဆိုထားကြောင်း မိသားစုများထံမှ သိရသည်။ 

စက်တာဘာလ ၂၄ ရက် ယမန်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ရာ ဖမ်းဆီးခံ ၂ ဦးအား စစ်ဆေးခြင်း မရှိသေးဘဲ တရားလိုဘက်ကို ဥိီးစွာ စစ်ခဲ့ကြောင်း မိသားစု ပြောပြချက်အရ သိရသည်။

၎င်းတို့နှစ်ဦးအား မြန်မာစစ်တပ် တပ်မ ၃၃ လက်အောက်ခံတပ်များသည် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၃ နာရီခွဲ ခန့်တွင် နေအိမ်မှ ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။

လက်ရှိတွင် ခလရ(၂၁) ကြည်း ၆၅၇၀၄၊ ဗိုလ်ကြီးဇော်မျိုးနိုင်မှ တရားလိုပြုတိုင်တန်းထားသဖြင့် ၎င်းတို့ ၂ ဦးအား မတရားအသင်း ဆက်သွယ်မူ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ထားခြင်းဖြစ်သည်။ 

Most read this week

May 17, 2024
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်...
May 16, 2024
တနိုင်းမြို့နယ် ၊ နမ့်ဗျူရွှေမှော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 15, 2024
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA...
May 13, 2024
ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅...