KIA မသင်္ကာမှုဖြင့် ဖမ်းဆီးခံ ကထန်ယန် ရွာသား ၂ဦးကို ပထမဆုံး ရုံးထုတ်

KIA မသင်္ကာမှုဖြင့် ဖမ်းဆီးခံ ကထန်ယန် ရွာသား ၂ဦးကို ပထမဆုံး ရုံးထုတ်

ကချင်ပြည်နယ်၊ ကထန်ယန်မှ ဖမ်းဆီးခံထားရသည့် ဦးဖော်ယမ်လဆမ်နှင့် ဦးလဖျော်ခေါင်ဒေါင်တို့ ၂ ဦးအမှု အား လာမည့် အောက်တိုဘာလ လဆန်း၂ ရက်နေ့တွင် ဒုတ်ိယ အကြိမ်မြောက် ထပ်မံ ချိန်းဆိုထားကြောင်း မိသားစုများထံမှ သိရသည်။ 

စက်တာဘာလ ၂၄ ရက် ယမန်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ရာ ဖမ်းဆီးခံ ၂ ဦးအား စစ်ဆေးခြင်း မရှိသေးဘဲ တရားလိုဘက်ကို ဥိီးစွာ စစ်ခဲ့ကြောင်း မိသားစု ပြောပြချက်အရ သိရသည်။

၎င်းတို့နှစ်ဦးအား မြန်မာစစ်တပ် တပ်မ ၃၃ လက်အောက်ခံတပ်များသည် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၃ နာရီခွဲ ခန့်တွင် နေအိမ်မှ ဖမ်းဆီးခေါ် ဆောင်သွားခြင်းဖြစ်သည်။

လက်ရှိတွင် ခလရ(၂၁) ကြည်း ၆၅၇၀၄၊ ဗိုလ်ကြီးဇော်မျိုးနိုင်မှ တရားလိုပြုတိုင်တန်းထားသဖြင့် ၎င်းတို့ ၂ ဦးအား မတရားအသင်း ဆက်သွယ်မူ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ထားခြင်းဖြစ်သည်။ 

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...