စစ်လေ့ကျင့်ရေးကျောင်းအနီး တောင်ယာ၌ ဗုံးသီး ၂ လုံး တွေ့ရှိ

စစ်လေ့ကျင့်ရေးကျောင်းအနီး တောင်ယာ၌ ဗုံးသီး ၂ လုံး တွေ့ရှိ
by -
နော်ဒွေးအယ်ခူ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ၊ လောဂျာကျေးရွာအနီးရှိ ​တောင်​ယာစိုက်​ခင်းတွင်း မပေါက်ကွဲ​သေးသည့် ဗုံးသီးနှစ်​လုံးကို စက်​တင်​ဘာလ ၂၃ ရက်​​နေ့တွင် ​တွေ့ရှိခဲ့​ကြောင်း လောဂျာ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးတီရယ်​ ထံမှသိရှိရသည်။​

ကျောင်းသားက​​​လေးနှစ်​ဦးမှ တောင်ယာခင်းတွင် ​​​နွားသွား​ကျောင်​းနေစဉ်​ ​​အမှတ်၁၄ တန်းမြှင့်​စစ်​​သင်တန်း​​ကျာင်​းမှ ​လေ့ကျင့်ပစ်​ခတ်​ခဲ့​သော အဆိုပါ ဗုံးသီးကို​တွေ့ရှိခဲ့ကြောင်း အုပ်​ချုပ်​​ရေးမှူးက ​ပြောသည်။​

၎င်းက “အ​ကြောင်းကြား​ပေးတယ်​ ဒီမနက်​မှသွားကြည့်ရတယ် သွားကြည်​့ပြီး​တော့ ​အမှတ်​အသား​တွေနဲ့ လုပ်​ထားတယ်​” ဟု​ပြောသည်​။

ယခင်​က စစ်​​ရေး​လေ့ကျင့်မည်​ဆိုပါက စစ်​သင်တန်း​​ကျောင်းမှ တာဝန်​ရှိသူတို့သည်​ ကျေးရွာ​အုပ်​ချုပ်​​ရေးမှူး ကို အသိ​ပေး​သော်​လည်း ယခု​နောက်​ပိုင်းတွင်​ အသိ​ပေးခြင်းမရှိ​​သဖြင့် ရွာသူရွာသားများမှ စိုးရိမ်​ထိတ်​လန့်နေရသည်။

စစ်​ရေး​လေ့ကျင့်သော​နေရာသည် နေ့စဉ်​သွားလာ​နေ​သော ​တောင်​သူများ ရှိသဖြင့် စစ်​​​လေ့ကျင့်ရေး​ကျောင်းမှ ယခုလို စစ်​​ရေး​လေ့ကျင့်ပစ်​ခတ်​​နေမှုများသည် မဖြစ်​သင့်ကြောင်း လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးသဲရယ်​ က ဆိုသည်​

ဒီဟာ​တွေက တကယ်​တမ်း ဒီလိုပဲဆက်​လုပ်​သွားမယ်​ဆိုရင်​ ကျွန်​​တော်​တို့အတွက်​ အများကြီးထိခိုက်​နစ်​နာမှုရှိတာ​ပေါ့ ကျွန်​​တော်​တို့​တောင်​သူလယ်​သမား​တွေ အလုပ်​သွားတဲ့​နေရာမှာ ​နောက်​ပီး​တော့ ယမ်းက​နေ ​ပေါက်​ကွဲပီး​တော့မှ ထွက်​လာတဲ့အနံ့ အသက်​​တွေကလည်း တစ်​ဖက်​တစ်​လှမ်းက​နေ ​ကျန်းမာ​ရေးရှု​ထောင့်က​နေ ကြည့်မယ်​ဆိုရင်​ ထိခိုက်​မှုရှိလာနိင်​တဲ့ အ​နေအထားမျိုး ရှိလာမယ်​ဆိုရင်​​တော့ မ​ကောင်းတော့ဘူး​ပေါ့​နော ဒီအ​ပေါ်မှာလည်း ပြည်သူလူထုတစ်​ယာက်လုံးအ​နေနဲ့ သိသင့်တာ​ပေါ့ ​နောက်​ ဒီလိုကျန်းမာ​ရေးရှု​ထောင်​့က​နေဆိုလို့ရှိရင်​လည်း သုတေသနပြုပြီး​တော့ ဒါမဖြစ်သင့်ဘူးဆိုရင်​လည်းတာဝန်​ရှိတဲ့ပုဂ္ဂိုလ်​​တွေကလည်​း အ​လေးထား​ဆောင်​ရွက်​​​ပေးဖို့ ကျွန်​​တော်​အ​နေနဲ့ အကြံပြုတာ​ပေါ့” ဟု ဦးသဲရယ်​က ဆိုသည်​။

အမှတ်၁၄ တန်းမြှင့်​​​စစ်​သင်​တန်းကျောင်​းမှ ​လေ့ကျင့်ပစ်​ခတ်​ခဲ့​သော လက်​နက်​ကြီး လက်​နက်​ငယ်​များမှ မ​ပေါက်​ကွဲ​ဘဲ ကျန်​ခဲ့​သော ဗုံးသီးများကို မကြာခဏ ​တွေ့ရတတ်​ပြီး က​လးများမှာ မသိရှိဘဲ သွားကိုင်မိ​​သော​ကြောင့်​ပေါက်ကွဲမှုများ ဖြစ်​ပွားခဲ့​ရကြောင်း ၎င်းထံမှ သိရသည်​။

​လောဂျာ​ကျေးရွာအုပ်​ချုပ်​​ရေးမှူးမှ အဆိုပါ ဗုံးသီး​တွေ့ရှိမှု​ကို သက်​ဆိုင်​သည့် အမှတ်​ ၁၄ တန်းမြှင့်စစ်​သင်​တန်းကျောင်းကို အသိ​ပေးသွားပြီး ဖယ်ရှားခိုင်းမည် ​​​​ဖြစ်​​ကြောင်း သိရသည်​။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...