မိုးသည်းထန်စွာရွာ၍ ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ပြောင်းခင်းများပျက်စီး

မိုးသည်းထန်စွာရွာ၍ ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ပြောင်းခင်းများပျက်စီး
by -
မူဂျာမီလှိုင်

ရှမ်း/တောင်ဒေသ လွယ်ပေါကျေးရွာအုပ်စု၊ လွယ်ပေါကျေးရွာ၌ စက်တင်ဘာလ ၁၇ ရက်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းသန်စွာ ရွာသွန်းမှုကြောင့် ပြောင်းစိုက်ခင်း ၁ဝဧကခန့် ပျက်စီးသွားကြောင်း သိရသည်။

ပြောင်းဖူးပင်များ မခြောက်သေးခြင်းကြောင့် အပျက်အစီးများနေကြောင်း ပျက်စီးသွားသည့် ၁ဝဧကအနက် သုံးဧကခန့် ပိုင်ဆိုင်သည့်တောင်သူ ဦးစိုင်းဖြူကဆိုသည်။

̏ပြောင်းကောင်းကောင်းမခြောက်သေးတော့ ပျက်မှာပေါ့ အပင်ခြောက်ရင်တော့ တစ်မျိုးပေါ့ ရေနဲ့နီးရင်တော့ ကြက်သွန်တို့ပြန်စိုက်လို့ရတာပေါ့၊ အခုက ချောင်းနဲ့ နည်းနည်းဝေးနေတယ်ကော” ဟု ၎င်းက ဆိုသည်။

ဖယ်ခုံမြို့အရှေ့ဘက်ကမ်းတကြောသည် ပြောင်းဖူးကိုသာအဓိသထား စိုက်ပျိုးပြီး အသက်မွေးဝမ်းကြောင်း ပြုနေကြသည်။ ရာသီဥတုအပေါ်အခြေခံပြီး စိုက်ပျိုးရေးလုပ်ကိုင်နေရကာ မိသားစုစားဝတ်နေရေးကို ဖြေရှင်းကြရသည်။ ရာသီဥတုကောင်းမွန်ပါက တစ်နှစ်စာဖူလုံပြီး ရာသီဥတုမကောင်းမွန်ပါက စားဝတ်နေရေးအတွက် ပူပန်ရသည်။

̏ အောင်မြင်မှ မိသားစုအတွက် နည်းနည်းစားသောက်ဖို့ပိုဖူလုံမှုရှိတာပေါ့၊ အခုတော့ အဲ့လိုမျိုးဖြစ်သွားတော့ ခက်ခဲသွားတယ် ရုန်းကန်ရမှာပေါ့˝ ဟု ပြောင်းဖူးပင်ပျက်စီးသွားသည့် တောင်သူတစ်ဦးကဆိုပါသည်။

ရာသီဥတုပြန်လည်ကောင်းမွန်ပါက ယခုပျက်စီးသွားသည့် ပြောင်းခင်းအစား နေကြာများကို ပြန်လည်အစားထိုးစိုက်ပျိုးကြမည်ဖြစ်ကြောင်း သိရသည်။ ပျက်စီးသွားသည့် ပြောင်းခင်းသည် လက်ရှိပြောင်းဖူးပေါက်စျေးအရ သိန်း ၂၀ ခန့် ပျက်စီးသွားမည်ဖြစ်ကြောင်း တောင်သူများက ခန့်မှန်းထားသည်။

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...