ဒေါက်တာအေးမောင်တို့ကို ရှေ့လ ၈ ရက်နေ့ ထပ်မံစစ်ဆေးမည်

ဒေါက်တာအေးမောင်တို့ကို ရှေ့လ ၈ ရက်နေ့ ထပ်မံစစ်ဆေးမည်
by -
မာန်ယုကျော် (ရွှေဝမြေ)
 ဓာတ်ပုံ - စက်တင်ဘာ ၂၄ ရက်နေ့က ဒေါက်တာအေးမောင်အား တွေ့ရစဉ်။
ဓာတ်ပုံ - စက်တင်ဘာ ၂၄ ရက်နေ့က ဒေါက်တာအေးမောင်အား တွေ့ရစဉ်။

သေဒဏ်အထိချမှတ်နိုင်သည့်ပုဒ်မဖြင့်အမှုရင်ဆိုင်နေရသည့် ဒေါက်တာအေးမောင်တို့အမှုအား ရှေ့လာမည့် အောက်တိုဘာ (၈)ရက်နေ့ ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်အပြီးတွင် ဒေါက်တာအေးမောင်က သတင်းထောက်များကို ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျနော်တို့အမှုက နောက်လ (၈)ရက်နေ့ကို ချိန်းတယ်။ ကျနော်တို့အားလုံးကလည်း ပြည်နယ်တရားလွှတ်တော်ကိုတင်ထားပါတယ်။ ဒီနေ့က ဦးဝေဟင်အောင်ကလည်း တုပ်ကွေးဖြစ်နေတယ်။ အဲဒါကြောင့် အမှုကို စစ်ပါတယ်။ သို့သော်လည်းပဲ ကျန်းမာရေး အခြေအနေကြောင့် ခဏလေး တရားသူကြီးမင်းက နားပေးပါတယ်"ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂(၁)နှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ပုဒ်မတို့ဖြင့် စက်တင်ဘာလ ၁ဝ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက စွဲချက်တင်ထားခြင်းဖြစ်သည်။

နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂(၁)ပုဒ်မသည် သေဒဏ်မှ တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ပုဒ်မသည် ငွေဒဏ်ဖြစ်စေ၊ ထောင် (၂)နှစ်ဖြစ်စေ ချမှတ်နိုင်သည်။

ယင်းနှင့်ပတ်သက်ပြီး ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတင်ထားသည်ဟုလည်း ဒေါက်တာအေးမောင်က ပြောဆိုသွားသည်။

 

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...