အိန္ဒိယစစ်သင်္ဘော ၂ စီး ပူးတွဲကင်းလှည့်ရန် မြန်မာကို ရောက်မည်

အိန္ဒိယစစ်သင်္ဘော ၂ စီး ပူးတွဲကင်းလှည့်ရန် မြန်မာကို ရောက်မည်

မြန်မာရေတပ်တို့ ပူးတွဲကင်းလှည့်ရန် အိန္ဒိယနိုင်ငံ ရေတပ်သင်္ဘောနှစ်စီးဖြစ်သော Kulish နှင့် Battimalv တို့သည် ယနေ့ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းစစ်သင်္ဘော ၂ စီးသည် စက်တင်ဘာ (၂၄)ရက်မှ စက်တင်ဘာ(၂၆)ရက် အထိ ပူးတွဲကင်းလှည့်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ ပူးတွဲရေကင်းလှည့်ခြင်းသည် သတ္တမအကြိမ်မြောက်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံဘက်၏ ပင်လယ်ရေကြောင်းနယ်နိမိတ် အတွင်း ပင်လယ် ရေကြောင်းလုံခြုံရေးအားထိန်းသိမ်းရန်နှင့် နှစ်နိုင်ငံရေတပ်များအကြားပူးပေါင်း ဆောင်ရွက်ခြင်းမှတဆင့် အပြန်အလှန်နားလည်မှု မြှင့်တင်ရန် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး က သတင်းထုတ်ပြန်ထားသည်။

“ဒါက ပြုလုပ်နေကျဖြစ်ပါတယ်။ ချစ်ကြည်ရေးပူးတွဲကင်းလှည့်တဲ့အစီအစဉ်တွေပါ။ မြန်မာနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သိထားရပါတယ်။ နှစ်နိုင်ငံရေတပ် ချစ်ကြည်ရေး ပူးပေါင်း လုပ်ဆောင်မှုတွေပါ”ဟု မြန်မာ့ရေတပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

အိန္ဒိယမှ လာရောက်သော စစ်သင်္ဘော Kulish တွင် လက်နက်များနှင့် အာရုံခံ ကိရိယာများ အများအပြားတပ်ဆင်ထားပြီး သင်္ဘောပေါ်တွင် အိန္ဒိယနိုင်ငံပြည်တွင်းထုတ် Dhruv A lH သို့မဟုတ် Chetak ဟယ်လီကော်ပတာ တင်ဆောင်နိုင်သည့် သင်္ဘောဖြစ်ကာ INS Battimalv သင်္ဘောသည် လျှင်မြန်စွာတိုက်ခိုက်နိုင်သော ရေယာ ဉ်ဖြစ်ပြီး အမြန်ဆုံးအရှိန် နှုန်း 28 knots ထက်ပိုနိုင်ပြီး ပုံမှန်ကင်းလှည့်ခြင်းနှင့် စုံစမ်းထောက်လှမ်းခြင်းတာဝန်များကို အန်ဒမန်နှင့် နီကိုဘာ ကျွန်းစုများတွင် ထမ်းဆောင်နေကြောင်း သိရသည်။

ယင်းသင်္ဘောနှစ်စီးနှင့်အတူ အိန္ဒိယရေတပ်ဖွဲ့ဝင် (၂၀၀) ခန့် လိုက်ပါလာမည်ဖြစ်ပြီး ပူးတွဲ ကင်းလှည့်ခြင်းဖွင့်ပွဲအခမ်းအနား၊ ဂါရဝပြု တွေ့ဆုံခြင်းများ၊ အားကစားနှင့် လူမှုရေး ဆောင်ရွက်ခြင်းများ နှင့် စိတ်ဝင်စားဖွယ်နေရာများသို့ လည်ပတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု ပူးတွဲရေကင်းလှည့်ခြင်း အစီအစဉ်သည် နှစ်နိုင်ငံဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်မှု၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...