ရခိုင့်အရေးချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိရက္ခိုင်လူငယ်အသင်းအဖွဲ့များတွေ့ဆုံ

ရခိုင့်အရေးချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရန်ကုန်ရှိရက္ခိုင်လူငယ်အသင်းအဖွဲ့များတွေ့ဆုံ
by -
စိုးဇံအောင်(တောင်ကုတ်)

ရန်ကုန်ရောက် ရခိုင်လူငယ်များဖြင့် ဖွဲ့စည်းထားသည့် ရခိုင်အသင်းအဖွဲ့ များ၏ တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ (စက်တင်ဘာ ၂၃ ရက်နေ့)တွင်ရွှေပြည်သာမြို့နယ် ငြိမ်းချမ်းအေးကံညီနောင် ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ ၂၀၁၀ ခုနှစ်နောက်ပိုင်း ရန်ကုန်ရောက် ရခိုင်လူမှု အသင်းအဖွဲ့ အစည်းများကို ဖိတ်ကြားပြုလုပ်ခဲ့ကြောင်း သိရသည်။

“ အဓိက အနေဖြင့် ပရဟိတ၊ လူမှုရေး၊ သာသာရေး၊ သာရေးနာရေး ကိစ္စများကို အချိတ်ဆက်မိစွာ လက်တွဲပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး ယခုလို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု တွေ့ဆုံပွဲကို စီစဉ်သူ ရခိုင်လူငယ်များပရဟိတအသင်းမှ အရှင်သဘာဝ နဒီက နိရဥ္စရာသတင်းဌာသို့ မိန့်ကြားသည်။

တွေ့ဆုံပွဲသို့ ရန်ကုန်ရောက်ရခိုင်လူငယ်အသင်းအဖွဲ့အစည်း ၂၀ ကျော်ခန့်မှ ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်ခဲ့ပြီး အသင်းအဖွဲ့အစည်း အသီးသီးက ၎င်းတို့၏ သဘောထား အမြင်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

“ဦးဇင်းတို့ ရန်ကုန်မှာရှိတဲ့ ရခိုင်တွေအနေနဲ့ ရွှေပြည်သာမှာ တစ်ခုခုဖြစ်ရင် လှိုင်သာယာမှာ နေတဲ့သူ တွေက မသိကြဘူး။တစ်မြို့နယ်မှာ ဖြစ်ရင်အခြားတစ်မြို့နယ်က ရခိုင်တွေက မသိကြဘူး။ ဒါဟာ အသင်းအဖွဲ့အစည်းတွေရဲ့ ချိတ်ဆက်မှု အားနည်းလို့ဖြစ်တယ်။ဒါကြောင့် ဒီရန်ကုန်မှာရှိကြတဲ့ ရခိုင်အသင်းအဖွဲ့အစည်းတွေ အနေနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်မှု အားကောင်းကောင်းနဲ့ ရခို်င့်အကျိုး ကို ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ဖို့ အတွက် ဒီပွဲမှာ တက်ရောက် လာကြတဲ့သူတွေက သဘောတူခဲ့ကြပါတယ်”ဟု အရှင်သဘာဝနဒီ က မိန့်ကြား ပြောဆိုသည်။

ရန်ကုန်ရှိ ရခိုင်အသင်းအဖွဲ့အစည်းများ၏ ချိတ်ဆက်မှု အားနည်းသောကြောင့် ရန်ကုန်ရောက် ရခ်ိုင်အမျိုးသမီးများအတွက်လည်း နစ်နာမှုများရှိသည်ဟု မဟာပညာကျော်ဖောင်ဒေးရှင်း ကိုယ်စား တက်ရောက်လာသည့် ရခိုင်အမျိုးသမီးငယ်တစ်ဦးမှ ပြောသည်။

“ ကျွန်မတို့မှာ ဒီပရဟိတအသင်းတိနဲ့ ပတ်သက်ပြီး ချိတ်ဆက်မှုမရှိတာတော့ သေချာတယ်။ ချိတ်ဆက်မှုအားနည်းတဲ့အခါကျတော့ ရခိုင်ပြည်ရဲ့ အတွင်းနဲ့ ပြင်ပမှာ ဖြစ်ပျက်နေတာတွေကို ချက်ချင်း မသိနိုင်ကြဘူး။ဘ ကျွန်မတို့ ဒီ လှိုင်သာယာ ၁၆ ကွေ့ ၁၂၇ မှာ ရခိုင်မိန်းကလေး တစ်ယောက် ကြိုးဆွဲချပြီး သေသွားပါတယ်။ အဲ့ဒါဆိုရင် ရခိုင် လူမှုအဖွဲ့အစည်းတွေ အနေနဲ့ သိရင်သွားပြီး ကူညီဆောင်ရွက် ပေးနိုင်ပါတယ်။ တခြားမြို့နယ် တွေက ဆိုရင် အချိန်မီ မသိရတဲ့ အတွက် သွားရောက်မကူညီနိုင်တာ တာတွေရှိပါတယ်”ဟု ၄င်းကပြောဆိုသည်။

စိုင်းဒြားငှက် ပရဟိတ အသင်းမှ ကိုအောင်နိုင်ဝင်းကလည်း အသင်းအဖွဲ့များအားလုံးပူးပေါင်းပါဝင် သော ဖိုရမ်တစ်ခုဖွဲ့စည်းပြီး ရခိုင့်လူမှုရေးကိစ္စများကို ချိတ်ဆက်ဆောင်ရွက်သွားနိင်ရန် မျှော်လင့် မိသည်ဟု သူ့ယုံကြည်ချက်ကိုပြောပြသည်။

ဆွေးနွေးပွဲ၏ ရလဒ်အဖြစ် အောက်တိုဘာလထဲတွင် ပြန်လည်တွေ့ဆုံဆွေးနွေးရန်သတ်မှတ်ပြီး စိတ်ဓါတ်ခိုင်မာသော ရခိုင်လူငယ် စသည့် အဖွဲ့အစည်းကို အသင်းအဖွဲ့အစည်းများ စုပေါင်းပြီး ဖွဲ့စည်းသွားမည်ဟုသိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ မွန်းလွဲ ၁၂ နာရီတွင်စတင်ခဲ့ပြီး ညနေ ၄ နာရီတွင်ပြီးဆုံးခဲ့သည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...