မြန်မာအနောက်ဘက်နယ်စပ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

မြန်မာအနောက်ဘက်နယ်စပ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေ

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ပလက်ဝမြို့နယ်တွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ)အကြား တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

အေအေ၏ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာ ၂၃ ရက်နေ့က ပလက်ဝမြို့နယ် အနောက်မြောက်ဘက် "အုံးသီးဝ"ရွာ အနီး တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲမှာ နံနက် ၈ နာရီ ၅၀ မိနစ်မှ ၉ နာရီ ၁၀ မိနစ် အထိ မိနစ်(၂၀) ကြာ ဖြစ်ပွားခဲသည်ဟု ဆိုသည်။

၎င်းတိုက်ပွဲအတွင်း ရက္ခိုင့်တပ်မတော် (အေအေ) ဘက်မှ စစ်သည်တစ်ဦးကျဆုံးခဲ့ပြီး မြန်မာတပ်မတော်ဘက်က ၄ ဦးကျဆုံးပြီး (မျက်မြင်)ဒဏ်ရာရသူများ ရှိခဲ့့ကြောင်း အေအေ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတိုက်ပွဲသည် အုံးသီးဝရွာ မြောက်ဖက် ၅ဒသမ ၅ ကီလိုမီတာအကွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူ စက်တင်ဘာလ(၂၁) ရက်နေ့တွင်လည်း အေအေ လှုပ်ရှားစစ်ကြောင်းနှင့် ခလရ(၂၈၉) တို့သည်၊ ရှင်မဒိန်ရွာမြောက်ဖက်ရှိ "ထအို့ပီရွာ" အနီး၌နံနက် ၈ နာရီ ၃၀ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိ တစ်နာရီခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲသည် ပြင်းထန်ခဲ့ပြီး အသေအပျောက်နှင့် ဒဏ်ရာ ရရှိသူများ ရှိခဲ့သည်ဟုဆိုသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး အေအေမှ (အလတ်စား-ပြင်းထန်)ဒဏ်ရာရသူအချို့ရှိခဲ့ပြီး မြန်မာစစ်တပ်ဖက်မှလည်း ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူများရှိခဲ့သည်ဟု အေအေ၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ကလည်း ပလက်ဝမြို့နယ် "ထရော်အိုင်"အနီးတွင် မိနစ် (၂၀) ခန့်ကြာတိုက်ပွဲထပ်ဖြစ်ပွားခဲ့ကြောင်း၊ အေအေဘက်က အလတ်စားဒဏ်ရာရသူ(၂) ဦးရှိခဲ့ကြောင်း၊ မြန်မာစစ်တပ်ဖက်က အနည်းဆုံး (၄) ဦးခန့်ကျဆုံးကာ ထိခိုက်ဒဏ်ရာရမှု များလည်းရှိခဲ့ကြောင်း အေအေက သတင်းထုတ်ပြန်သည်။

ယခုရက်များအတွင်း ပလက်ဝမြို့နယ် အိန္ဒိယ နယ်စပ်အနီးတွင် ခပ်စိပ်စိပ် အရှိန် အဟုန်ပြင်းပြင်းဖြင့် တိုက်ပွဲများ ဖြစ်ပွားလာနေသဖြင့် ဒေသခံများအကြားတွင်လည်း စိုးရိမ်မှုများလည်း တိုးပွားလျက်ရှိသည်ဟု ပလက်ဝ ဒေသခံ ရခိုင်အမျိုးသားတစ်ဦးက ပြောကြားသည်။

ယခုတိုက်ပွဲများနှင့် ပတ်သက်ပြီး မြန်မာတပ်မတော်မှ အတည်ပြုချက် ရယူရန် ခက်ခဲသဖြင့် တိုက်ပွဲများနှင့် ပတ်သက်ပြီး တပ်မတော်၏ သဘောထားကို တင်ပြနိုင်ခြင်းမရှိပါ။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...