ပန်ဆိုင်း လမ်းမိုင်း ပေါက်ကွဲမှုတွင် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ပန်ဆိုင်း လမ်းမိုင်း ပေါက်ကွဲမှုတွင် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရှမ်းပြည််မြောက်ပိုင်း မူဆယ် မြို့နယ် ပန်ဆိုင်း (ကြူကုတ်)မြို့၊ နမ့်တောင်းကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့ မွန်လွဲ ၃ နာရီခန့် တွင် မိုင်း ၁လုံး ပေါက်ကွဲ ခဲ့သဖြင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်။

ပန်ဆိုင်းစျေးမှ နမ့်တောင်းရွာသို့ ပြန်လာသော အမျိုးသမီး ၂ ဦး သည် နမ့်တောင်းရွာ နှင့် ကွမ်းတုံရွာ ကြား ကားလမ်းမကြီးတွင် ထောင်ထားသော မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦး ပြောပြသည်။

“မနေ့က မီးသွေး တင်ကား ၁ စီး နဲ့ ဆိုင်ကယ်အတူ ဖြတ်သွားတဲ့ အချိန်မှာ ပေါက်ကွဲ မှုဖြစ်သွားတယ်။ ဆို်င်ကယ်နဲ့ လိိုက်ပါသူ နှစ်ယောက် ထိခိုက်ဒဏ်ရာပြင်းထန်လို့ မူဆယ်ဆေးရုံ ပို့ ခဲ့တယ်။ ဆေးရုံရောက်တော့ တစ်ယောက်သေသွားတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်ကလပ်ကို ယနေ့ မြုပ်နှံမည်ဖြစ်ပြီး၊ အခြား ဒဏ်ရာရရှိသူမှာ မူဆယ်ဆေးရုံတွင် ဆေးကုသမှု ဆက်လက် ခံယူနေကြောင်း သိရပါသည်။

အဆိုပါ မိုင်းပေါက်ကွဲခဲ့သော ဧရိယာသည် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် အစိုးရတပ် တို့ စစ်ရေးတင်းမာနေသော နယ်မြေလည်း ဖြစ်ပါသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...