အခြေခံဥပဒေကို ပြင်ဆင်နိုင်မှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု အစိုးရပြော

အခြေခံဥပဒေကို ပြင်ဆင်နိုင်မှ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု အစိုးရပြော
by -
အောင်မြတ်သူ
(ဓာတ်ပုံ - မင်းမင်း)
(ဓာတ်ပုံ - မင်းမင်း)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးညှိုနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာလျှင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။

“တည်ငြိမ်ခိုင်မာအောင်မြင်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့ စိန်ခေါ်မှုကြီးကို ကျော်လွှားရန် ရှိနေပါသေးတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆွေးနွေးညှိုနှိုင်းပြီး ကျွန်တော်တို့ အစိုးရ မျှော်မှန်းထားတဲ့အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်နိုင်မှသာလျှင် အသွင်ကူးပြောင်းရေးကို အာမခံနိုင်မှာ ဖြစ်ပါတယ်”ဟု ဦးကျော်တင့်ဆွေက ပြောကြားသည်။

စက်တင်ဘာ ၁၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်း ပြည်ထောင်စု အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တို့နှင့်ပတ်သတ်ပြီး ပြောကြားရာတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင်တိုင်းရင်းသား လူမျိုးစုများအကြားတွင်လည်း လွတ်လပ်မှု၊ တန်းတူညီမျှမှု နှင့် အပြန်အလှန် လေးစားမှုများကို တည်ဆောက်နိုင်မှသာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကမူဝါဒတစ်ရပ်အနေဖြင့် ဆောင်ရွက်နေသောကြောင့် ထိုလုပ်ငန်းစဉ်ကို ဗဟိုပြုကာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြန်လည်ရယူနိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးကို တည်တ ည်ငြိမ်ငြိမ်၊ ခိုင်ခိုင်မာမာ၊ အောင်အောင်မြင်မြင်နှင့် ဖော်ဆောင်နိုင်မှာဖြစ်ကြောင်း ဦးကျော်တင့်ဆွေက ဆက်လက်ပြောကြားသည်။

“လက်ရှိ ကြိုးပမ်းဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ဖို့ တပ်မတော်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါ ပါတယ်။ အားလုံးဟန်ချက်ညီတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ခိုင်ခိုင်မာမာဖြစ်အောင် ကြိုးပမ်းရာမှာ စိန်ခေါ်မှုတွေ အများကြီး ကျော်ဖြတ်ရပါတယ်"ဟု ၄င်းက ဆက်ပြောသည်။

အစိုးရသည် မျှော်မှန်းထားသည့် ဒီမိုကရေစီ စံနှုန်းများသို့ရောက်အောင်သွားဖို့နှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် အချိန်အပိုင်းအခြား၊ အဆင့်အလိုက် ရှေ့ဆက်သွားမည်ဖြစ်ပြီး အခက်အခဲ စိန်ခေါ်မှုများ ရှိနေပေမယ့် ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်သည် ပျောက်ပျက်သွားမရကြောင်း ဦးကျော်တင့်ဆွေက ပြောကြားခဲ့သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...