ရခိုင်အပါအဝင် ဒေသကြီး(၆)ခုတွင် လျှပ်စစ်ဓါတ်အားပိုမိုဖြန့်ဖြူးနိုင်ရန် ADB ဘဏ်မှ ချေးငွေ ၂၉၈.၉ သန်းရယူရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

ရခိုင်အပါအဝင် ဒေသကြီး(၆)ခုတွင် လျှပ်စစ်ဓါတ်အားပိုမိုဖြန့်ဖြူးနိုင်ရန် ADB ဘဏ်မှ ချေးငွေ ၂၉၈.၉ သန်းရယူရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတို့တွင် လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၉၈.၉ သန်းရယူသွားရေး ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ယင်းစီမံကိန်းကို လျှပ်စစ်ဓါတ်အားကွန်ယက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟု အမည်ပေးထားပြီး အာရှဖွ့ံဖြိုးရေးဘဏ်(ADB) ထံမှ ချေးငွေများရယူပြီးပါက ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့တွင်လည်း ရွှေသဘာဝဓါတ်ငွေ့ကုဗပေသန်း(၂၀)ကို နေ့စဉ်အသုံးပြုမည့်အပြင် စွန့်ပစ်ပစ္စည်းများကိုပါ အသုံးပြုကာ လျှပ်စစ်ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးရေးဆောင်ရွက်နိုင်ရန် စီနိုဟိုက်ဒရိုစူပရင်းကုမ္ပဏီကို စက်ရုံတည်ထောင်လုပ်ကိုင် ခွင့်ပြုထားပြီး ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော်သို့တက်ရောက်လာသည့် လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီးက ပြောကြားသွားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...