ရခိုင်အပါအဝင် ဒေသကြီး(၆)ခုတွင် လျှပ်စစ်ဓါတ်အားပိုမိုဖြန့်ဖြူးနိုင်ရန် ADB ဘဏ်မှ ချေးငွေ ၂၉၈.၉ သန်းရယူရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

ရခိုင်အပါအဝင် ဒေသကြီး(၆)ခုတွင် လျှပ်စစ်ဓါတ်အားပိုမိုဖြန့်ဖြူးနိုင်ရန် ADB ဘဏ်မှ ချေးငွေ ၂၉၈.၉ သန်းရယူရန် ပြည်ထောင်စုလွှတ်တော်ဆုံးဖြတ်

ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၆)ခုတို့တွင် လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးနိုင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၉၈.၉ သန်းရယူသွားရေး ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ယင်းစီမံကိန်းကို လျှပ်စစ်ဓါတ်အားကွန်ယက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဟု အမည်ပေးထားပြီး အာရှဖွ့ံဖြိုးရေးဘဏ်(ADB) ထံမှ ချေးငွေများရယူပြီးပါက ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လျှပ်စစ်ဓါတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်သည်။

ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့တွင်လည်း ရွှေသဘာဝဓါတ်ငွေ့ကုဗပေသန်း(၂၀)ကို နေ့စဉ်အသုံးပြုမည့်အပြင် စွန့်ပစ်ပစ္စည်းများကိုပါ အသုံးပြုကာ လျှပ်စစ်ဓါတ်အားထုတ်လုပ် ဖြန့်ဖြူးရေးဆောင်ရွက်နိုင်ရန် စီနိုဟိုက်ဒရိုစူပရင်းကုမ္ပဏီကို စက်ရုံတည်ထောင်လုပ်ကိုင် ခွင့်ပြုထားပြီး ဖြစ်ကြောင်း ယနေ့ ပြည်ထောင်စုလွှတ်တော်သို့တက်ရောက်လာသည့် လျှပ်စစ်နှင့်စွမ်းအင် ဒုတိယဝန်ကြီးက ပြောကြားသွားသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...