ဘားအံအကျဉ်းထောင်ဖောက်ပြေးသူများထဲမှ တစ်ဝက်နီးပါး ပြန်ဖမ်းမိထား

ဘားအံအကျဉ်းထောင်ဖောက်ပြေးသူများထဲမှ တစ်ဝက်နီးပါး ပြန်ဖမ်းမိထား
by -
စိုးသူအောင်

ကရင်ပြည်နယ်ရှိ ဘားအံအကျဉ်းထောင်ဖောက်ပြေးမှုတွင် ဦးဆောင်သူအပါအဝင် ထောင်ဖောက်ပြေးသူ တစ်ဝက်နီးပါးထိကို ပြန်လည်ဖမ်းမိထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဘားအံအကျဉ်းထောင်မှ အပြစ်ကျတရားခံ (၂၉) ဦး၊ အမှုစစ်ဆေးဆဲ အချုပ်တရားခံ (၁၂) ဦးပါဝင်သော အကျဉ်းသား ၄၁ ဦးတို့မှ စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းတွင် ထောင်တံခါး ၄ဆင့်ကို ကားဖြင့်တိုက်ဖွင့်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

“ နောက်ဆုံးအခြေအနေ ခုချိန်ထိ ၁၈ ယောက်မိပြီ။ တစ်ယောက်ပဲဆေးရုံရောက်မှသေတာပါ။ ရရှိဒဏ်ရာ နဲ့ပါ” ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက မဇ္စျိမသို့ပြောသည်။

စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်းက ထောင်ဖောက်ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး  စက်တင်ဘာ ၁၇ ရက်ညနေပိုင်းထိ အကျဉ်းသား ၁၈ ဦးပြန်လည် ဖမ်းမိထားပြီး ထွက်ပြေးလွှတ်မြောက်နေသူ အကျဉ်းသား ၂၃ ဦးကို ပြန်လည်ဖမ်းဆီးရန်ကျန်ရှိနေသေးသည်။

ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသည့် အကျဉ်းသားများကို ခေါင်းဆောင်သော ကျော်မိန်လ(ခ) အရှောင်(ခ) ကျော်ဖကုလား(ခ) မိန်လှ မှာ မူးယစ်မှု၊ လူသတ်မှု တို့ဖြင့် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ (လွှတ်ရက်မရှိ) ကျခံနေရသူဖြစ်ပြီး ဖမ်းဆီးစဉ် ရရှိသောဒဏ်ရာများဖြင့် ဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်းလည်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေးကျေးရွာအနီးရှိ ဘားအံအကျဉ်းထောင်တွင် စက်တင်ဘာ ၁၆ ရက်၊ နံနက် ၈ နာရီခွဲဝန်းကျင်က အကျဉ်းသား ၄၁ ဦးကို အကျဉ်းထောင်စိုက်ခင်းအတွင်း သန့်ရှင်းရေးပြုလုပ်ရန် တာဝန်ချထားခဲ့သည်။ အဆိုပါအချိန်တွင် အကျဉ်းသားတစ်ဦးမှခေါင်းဆောင်ကာ အကျဉ်းထောင်အတွင်း အမှိုက်သိမ်းမော်တော်ယာဉ်မှ ယာဉ်မောင်းကို ဆွဲချထိုးကြိတ်ကာ ကားဖြင့် ထောင် တံခါးကို တိုက်ဖွင့်၍ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ထွက်ပြေးခဲ့သည့်အကျဉ်းသားများမှာ ဘားအံ-လှိုင်းဘွဲ့ကားလမ်းမှ လှိုင်းဘွဲ့မြို့ဘက်သို့ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပြီး ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဘက်အဖွဲ့ အစည်း များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ စုံစမ်းရှာဖွေခြင်း၊ ပိတ်ဆို့စစ်ဆေးခြင်းများကို၂၄ နာရီ ဆောင်ရွက်နေကြောင်းသိရသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...