မြန်မာစစ်တပ် ထိုးစစ်နှင့် စစ်ရာဇဝတ်မှု ရပ်တန့်မှ လူကုန်ကူးမှု ဖြေရှင်းနိုင်မည်

မြန်မာစစ်တပ် ထိုးစစ်နှင့် စစ်ရာဇဝတ်မှု ရပ်တန့်မှ လူကုန်ကူးမှု ဖြေရှင်းနိုင်မည်

တရုတ်နယ်စပ် လူကုန်ကူးမှုပြဿနာကို မြန်မာ့တပ်မတော်၏ ထိုးစစ်များနှင့် စစ်ရာဇဝတ်မှုများ ရပ်တန့်ခြင်းဖြင့်သာ ဖြေရှင်းနိုင်မည် ဟု ကချင် အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ တွင် တောင်းဆိုချက် စာတစ်စောင် ထုတ်ပြန်ခဲ့သည်။ 

လူကုန်ကူးခံရသူ အမျိုးသမီး အများစုမှာ မြန်မာနိုင်ငံမြောက်ပိုင်း ပဋ္ဋိပက္ခဒေသများမှ ဖြစ်ကြသည်။ ယင်း နေရာများသည် မြန်မာ့တပ်မတော်က ၂၀၁၁ ခုနှစ်မှစ၍ တိုက်ပွဲများ ပြန်လည် စတင်လာခြင်းတို့ကြောင့် ဒေသခံကျေးရွာများကို ဖျက်စီးခြင်း၊ သတ်ဖြတ်ခြင်း၊ အရပ်သားများကို နှိိပ်စက်ခြင်း မုဒိန်းကျင့်ခြင်း အပါအဝင် စစ်ရာဇ ဝတ်မူများကို ကျူးလွန်ခဲ့ကြသော နေရာများဖြစ်ကြောင်း သြဂုတ် ၂၇ ရက်တွင် ကုလသမ္မဂ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာတွင် ဖော်ထုတ်ထားကြောင်းရေးသားထားသည်။

ထိုသို့ မိမိတို့ဒေသတွင် စစ်ပြေးဒုက္ခနှင့်ရင်ဆိုင်ကြရပြီး မိသားစုကို ကျွေးမွေးရန်၊ အခြား နည်းလမ်းများ မရှိတော့သည့်အတွက် အသက်အရွယ် အမျိုးမျိုးရှိကြသော အမျိုးသမီးများသည် လူကုန်ကူးသည့် အဖွဲ့များ သူတို့ကို အလွယ်တကူ သိမ်းသွင်းနိုင်သည့် တရုတ်နိုင်ငံတွင် အလုပ်ရှာဖွေရန် သွားရောက်ခြင်းဖြင့် အန္တရာယ်ကို ရင်ဆိုင်ကြရကြောင်း တောင်းဆိုချက်တွင် ဖော်ပြထားသည်။

လူကုန်ကူးခံရသော အမျိုးသမီးများမှာ တရုတ်ယောကျ်ားများနှင့် အတင်းအဓမ္မလက်ထပ်ပေးခြင်းခံရပြီး သူတို့အတွက် ကလေးများ မွေးပေးခဲ့ရပြီး အခြားသူများမှာ လိင်လုပ်ငန်းအတွင်း အဓမ္မသွတ်သွင်း ခံခဲ့ကြရသည်ဟု ရေးသားထားသည်။ 

ဤထုတ်ပြန်ချက်ကို ကချင် အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၎င်းအဖွဲ့အစည်းသည် အမျိုးသမီးများ၏ လူ့အခွင့်အရေးဆိုင်ရာနှင့် လိင်အကြမ်းဖက်မူများကို အဓိက ကူည်ီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...
June 23, 2026
မိုးကောင်းမြို့မှာ ရေကြီးရေလျှံဖြစ်နေတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု...