ဖယ်ခုံတွင် ရိတ်သိမ်းခါနီး စပါးခင်း ဧက ၁ ထောင်ကျော် ရေမြှုပ်

ဖယ်ခုံတွင် ရိတ်သိမ်းခါနီး စပါးခင်း ဧက ၁ ထောင်ကျော် ရေမြှုပ်
by -
ခူးစိုးရယ်ဦး
ဖယ်ခုံဒေသတွင် ရေနှစ်မြှုပ်နေသော စပါးပင်များကို အချိန်မီအလုအယက်ရိတ်သိမ်းနေရသည်။(ဓါတ်ပုံ-ခူးစိုးရယ်ဦး)
ဖယ်ခုံဒေသတွင် ရေနှစ်မြှုပ်နေသော စပါးပင်များကို အချိန်မီအလုအယက်ရိတ်သိမ်းနေရသည်။(ဓါတ်ပုံ-ခူးစိုးရယ်ဦး)

မိုးဗြဲဆည်မှ ယခုသတင်းပတ်အတွင်း ရေမျက်နှာပြင်မြင့်တက်လာ၍ ကယားပြည်နယ်အစွန်းမှ ဖယ်ခုံခရိုင်အတွင်းနှင့် နောင်လှိုင်ကျေးရွာရှိ ရိတ်သိမ်းခါနီး စပါးခင်းများ ရေမြုပ်ကုန်သည်။

ယခင်နှစ်ထက် မိုးပိုရွာသွန်းခဲ့ရာက ဖယ်ခုံမြို့နယ်ရှိ ဆည်မြောင်းတာတမံများနှင့် ဆည်ရေသောက် စပါးစိုက်ခင်း မြေဧက ၂၈၀၀၀ ကျော်အနက် ဧက ၁ ထောင်ကျော် ရေနှစ်မြုပ်နေသည်ဟု ဒေသခံ ဦးပလုရယ်က ပြောသည်။

ရေနှစ်မြှုပ်မှုကြောင့် ဒေသခံတောင်သူအများစု၏ တစ်နှစ်စာ စားဝတ်နေရေးအတွက် ဖူလှုံမှုမရှိမည်ကို စိုးရိမ်မှုများရှိနေသည်။ ရေအောက် ၄ ပေအထိ မြင့်တက်နေသည့် စပါးပင်ကို အလျင်အမြန် ရိတ်သိမ်းနိုင်ရန် ၎င်းတို့က ကြိုးစားနေသည်။

“အစိမ်းလိုက် ရေမြုပ်တိုင်း ထားလိုက်မယ်ဆိုရင် မိသားစုအတွက် မဖုံလှုံဘူးပေါ့၊ မမည့်သေးတဲ့စပါးများကို မြုပ်သွားမှာစိုးလို့ မိသားစုအတွက် ကြည့်ပြီး အစိမ်းလိုက်ခြွေပြီး အခြောက်ပြန်လှန်းရတော့ အရမ်းခက်တာပေါ့။”ဟု နောင်လှိုင်ကျေးရွာ ဥက္ကဌ ဦးပလုရယ်က ပြောသည်။

၎င်းတို့ စပါးသည် ရိပ်သိမ်းနေချိန်အတောအတွင်း တဖြည်းဖြည်းမြှင့်တက်လာသော ဆည်ရေသည် လူ ရင်ဘတ်အထိ တက်လာ၍ မဖြစ်မနေ ရိတ်သိမ်းနေရသည်။

ရိတ်သိမ်းပြီး စပါးများကိုလည်း စက်လှေဖြင့် တဆင့် သယ်ယူရ၍ ပုံမှန်ထက် စရိတ်များကုန်ကျနေသည်။

“ရေမတက်မှီသေးတဲ့ အပေါ်ပိုင်းမှာပဲ ရိတ်သိမ်းပြီးသေးတယ်၊ အောက်ပိုင်းကျတော့ ရေအကုန်လွမ်းမိုးကုန်တယ်၊ ရေကာတာကို ရေဖွင့်ခိုင်းမယ်ဆိုလည်း အောက်က ညောင်ဝိုင်းကျေးရွာကို လွှမ်းမိုးသွားမှာပဲ အဲ့တာကြောင့် မတတ်နိုင်ပါဘူး။”ဟု နောင်လှိုင်ကျေးရွာနေ တောင်သူ ဒေါ်ပိုးမြာက ပြောသည်။

နောင်လှိုင်ကျေးရွာသည် မြို့နယ်ထွေအုပ်ရုံးသို့ ပြီးခဲ့သည့်လတွင် ရေမြုပ်ထားသည့် စပါးမြေဧက ၂၀၀ ကျော်တင်ပြထားပြီး ယခုလအတွင်း ရေပိုတက်လာ၍ စပါးခင်းအများအပြား ရေလွှမ်းခဲ့ခြင်းဖြစ်သည်။

 

Most read this week

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...