ငပလီတွင် ဓါတ်လိုက်၍ ၂ ဦးသေ၊ ၃ ဦးဆေးရုံတင်ရ

ငပလီတွင် ဓါတ်လိုက်၍ ၂ ဦးသေ၊ ၃ ဦးဆေးရုံတင်ရ
by -
စိုးဇံအောင်(တောင်ကုတ်)

ရခိုင်ပြည်နယ် ငပလီမြို့ လင်းသာရပ်ကွက်တွင် ယနေ့ နံနက် ၉ နာရီခန့်က ဓါတ်လိုက်ပြီး လူနှစ်ဦး သေဆုံးပြီး သုံးဦးမှ အပြင်းအထန် ထိခိုက်သွားသဖြင့် ဆေးရုံသို့ ပို့ ထားရကြောင်း လင်းသာ ရပ်ကွက် အုပ်ချုပ်ရေးမှူ း ဦးမြင့်ထွန်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

ဓါတ်လိုက် သေဆုံးသူနှစ်ဦးနှင် ဆေးရုံတင်လိုက်ရသူများမှာ တယ်လီဖုန်း ဆက်သွယ်ရေး အဖွဲ့မှ ဖြစ်ပြီး ဆက်သွယ်ရေးလိုင်း တပ်ဆင်နေစဉ် ရေစိုနေသော လျှပ်စစ်မီးကြိုးဖြင့်ထိခိုက်မိ၍ ဓါတ်လိုက်ရခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

အခင်းဖြစ်ပွားသည့်နေရာမှာ ငပလီမြို့လင်းသာရပ်ကွက် ဟိုတယ် ACE လမ်းသွယ်ထဲတွင် ဖြစ်သည်။

"သေဆုံးသူတွေရဲ့နာမည်တွေကိုတော့ မေးလို့မရသေး ပါဘူး။အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ ဆေး ရုံမှာပါ။ထိခိုက်ဒဏ်ရာရသူ သုံးဦးကို သတိပြန်ရအောင် ပြုစုနေပါတယ်။ ဆေးရုံတင်ထားရတဲ့ ဆက်သွယ်ရေးက ဦးကျော်စွာမြင့်ဆိုတဲ့ တစ်ယောက်နာမည်ပဲ သိရပါသေးတယ်ဟု" ဦးမြင့်ထွန်း ကပြောသည်။

Most read this week

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...