အာရှ ကရာတေး ချန်ပီယံ ကချင်လူငယ်များကို မြစ်ကြီးနား ကားဆိပ်တွင် လူထု ကြိုဆိုရန် ပြင်ဆင်

အာရှ ကရာတေး ချန်ပီယံ ကချင်လူငယ်များကို မြစ်ကြီးနား ကားဆိပ်တွင် လူထု ကြိုဆိုရန် ပြင်ဆင်

အာရှအဆင့် ၁၀ နို်င်ငံပါဝင်သော ကျိုရှင်းကာရာတေး စင်ကာပူ ဖိတ်ခေါ် ပြိုင်ပွဲ မှာ ချန်ပီယံ ဆွတ်ခူးရရှိခဲ့သော ကချင်ပြည်နယ်မှ ကာရာတေး ကစားသမားများကို မနက်ဖြန် (စက်တင်ဘာ ၁၂ ရက်နေ့) သူတို့ မြစ်ကြီးနားကို ရောက်လာချိန် ကားဂိတ်တွင် ကြိုဆိုရန် ပြင်ဆင် နေကြပါသည်။

စက်တင်ဘာ (၈)ရက် နေ့ စင်ကာပူ မှာကျင်းပခဲ့သောပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ (၁၈)ဦး ပါဝင်ခဲ့ပြီး ထိုအထဲ ကလေး လူကြီးအရွယ် (၁၅)ဦးမှာ ကချင်ပြည်နယ် မှ ဖြစ်ပါသည်။ ထို့အပြင် ရွှေတံဆိပ် (၄)ခု၊ ငွေတံဆိပ် (၂)ခု နှင့် ကြေးတံဆိပ် (၃)ခု ရရှိခဲ့သော သူများမှာ ကချင်ပြည်နယ်မှ ဖြစ်ကြသည်။

ထို့ကြောင့် မနက်ဖြန် သူတို့ ပြန်ရောက်လာမည့် အချိန် မြစ်ကြီးနား ကားဂိတ်တွင် သွားရောက် ကြိုဆိုပြီးနောက် မနောကွင်းတွင် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းခြင်း အစီစဉ် ပြုလုပ်ရန် ကချင်လူထုမှ ကော်မတီဖွဲ့ ပြီး ပြင်ဆင်နေပြီ ဖြစ်ပါသည်။

ကချင်ပြည်နယ်မှ (၁၅)ယောက်ထဲတွင် စစ်ရှောင် ကလေးငယ် (၂)ဦး လည်း ပါဝင်နေပါသည်။

မနက်ဖြန် ဆုတောင်းကြိုဆိုပွဲအပြီး ရက်ပိုင်းအတွင်း မှာဘဲ ထူးချွန်သူများကို ချီးမြင့်မည့်အစီစဉ်ကိုလည်း ဆက်လက် ပြုလုပ်သွားရန် စီစဉ်ထားသည်။

Most read this week

ဓာတ်ပုံ - (မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းတစ်ခုကို တွေ့ရစဉ်။ / Credit)
September 15, 2026
ကချင်ပြည်၊ မြစ်ကြီးနားနှင့် မန္တလေးကို ဆက်သွယ်ထားသည့် အဓိကလမ်းပိုင်း၌ သွားလာရေး အခက်အခဲများ...
ကောင့်ဂျာယန်တိုက်ပွဲအတွင်းက စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့၏ ရုပ်အလောင်းများ။
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ စစ်သင်္ဘောအချို့ ရောက်ရှိလာပြီးနောက် စစ်ရေးလှုပ်ရှားလာသည့်...
ဓာတ်ပုံ - (ရွှေကူမြို့နယ်အတွင်း စစ်အုပ်စုတပ်မှ ဗုံးကြဲတိုက်ခိုက်ခံရသည့် မြင်ကွင်း။ / Crd)
September 14, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တစ်လခွဲအတွင်း ကျေးရွာပေါင်း ၁၈ ရွာအထိ စစ်အုပ်စုတပ်၏ လေကြောင်း...
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC / Crd
September 14, 2026
စစ်အုပ်စု၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)...