မြန်​မာပြည်​ငြိမ်းချမ်း​ရေးအတွက်​ တစ်​ကိုယ်​​တော်​လမ်း​လျှောက်​သူ လွိုင်​​ကော်​မြို့သို့​ရောက်​ရှိ

မြန်​မာပြည်​ငြိမ်းချမ်း​ရေးအတွက်​ တစ်​ကိုယ်​​တော်​လမ်း​လျှောက်​သူ လွိုင်​​ကော်​မြို့သို့​ရောက်​ရှိ
by -
ခွန်​းကလိုင်​းဖရီး

“ငြိမ်းချမ်းပါစေ မြန်မာပြည်” အကျႌဝတ်ဆင်ပြီး မြန်မာနိုင်ငံအလံကိုင်ဆောင်ထားသည့် ငြိမ်းချမ်းရေးအတွက် တစ်ကိုယ်တော်လမ်းလျှောက်သူ စက်တင်ဘာလ (၈) ရက်နေ့တွင် ဖယ်ခုံ၊ မိုးဗြဲလမ်းမှ ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိလာသည်။
 

ပြည်မြို့မှ စတင်ထွက်ခွာလာကာ တိုင်းနှင့်ပြည်နယ် (၁၄) ခုအနှံ့ လမ်းလျှောက်မည်ဖြစ်ကြောင်း တစ်ကိုယ်တော် လမ်းလျှောက်သူ ကိုစိုးဝေက ပြောပါသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေးအတွက် တစ်ကိုယ်တော်လမ်းလျှောက်သည့်အပေါ် ကိုစိုးဝေက “၂၁ ရာစုပင်လုံညီလာခံအောင်မြင်ဖို့အတွက် ပြည်သူတွေ စိတ်ဝင်စားဖို့လိုတယ်၊ ပါဝင်ဖို့လိုတယ်၊ ပူးပေါင်းဖို့လိုတယ်လို့ ကျွန်တော်က ဒါကို သဘောပေါက်လို့ ပြည်သူတွေကို နိ်ုးဆော်တဲ့အနေနဲ့ ရည်ရွယ်ပြီး လမ်းလျှောက်ခဲ့တာ” ဟု ပြောသည်။

၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ  ပျက်ပြယ်ခဲ့ရခြင်းသည် ပြည်သူများမသိရခြင်းနှင့် ပါဝင်ခွင့်မရခဲ့ခြင်းကြောင့်ဟုဆိုကာ ယခုကျင်းပနေသည့် ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံကို ထပ်မံမပျက်စေလိုကြောင်း ၄င်းက ဆက်ပြောသည်။

သို့သော် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ်မြောက်ပင် ရှိနေပြီဖြစ်သည့်တိုင် ပန်းတိုင်သို့ မရောက်နိုင်သေးခြင်းသည် မလွှဲသာမရှောင်သာ၍ ညီလာခံတက်နေရသူများနှင့် စားကောင်း၍တက်နေရသူများပါဝင်ခြင်းကြောင့် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ၄င်းက ဝေဖန်သည်။

“ပြည်တွင်းစစ်ဖြစ်လိုက်တာ နှစ်(၇၀)တိုင်ပြီ ဒီပြည်တွင်းစစ်ကို အမြန်ဆုံးမရပ်စဲနိုင်ရင်၊ ငြိမ်းချမ်းရေးပန်းတိုင်ကို အမြန်ဆုံးမရောက်နိုင်ရင် ကျွန်တော်တို့ တိုင်းပြည်က ပြာပုံဘဝနီးနီးကနေ ပြာပုံဘဝရောက်တော့မယ်။ ဒါ့ကြောင့် ငြိမ်းချမ်းဖို့ လိုနေတယ်” ဟု ပြောသည်။

မြန်မာ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပြဿနာများကို ငြိမ်းချမ်းသည့် နည်းလမ်းနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်လိုအပ်ပြီး လက်နက်ဖြင့် မဖြေရှင်းရန် ၎င်းက တိုက်တွန်းသည်။

တစ်ကိုယ်တော်လမ်းလျှောက်သည့် ခရီးတစ်လျှောက်တွင် အဟန့်အတားအနှောက်အယှက်တစ်ချို့ တွေ့ကြုံခဲ့ရသော်လည်း  လွိုင်ကော်မှ တဆင့် ဆီဆိုင်၊ တောင်ကြီး၊ မန္တလေး၊ မြစ်ကြီးနားဖက်သို့ ဆက်လက် သွားရောက်မည်ဖြစ်ပြီး ရန်ကုန်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

 

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...