မိုးရာသီကာလအတွင်း လမ်းချဲ့ထွင်ခြင်းလုပ်ငန်းများ ရွှေ့ဆိုင်းပေးရန် ဒေသခံများတောင်းဆို

မိုးရာသီကာလအတွင်း လမ်းချဲ့ထွင်ခြင်းလုပ်ငန်းများ ရွှေ့ဆိုင်းပေးရန် ဒေသခံများတောင်းဆို
by -
ခူးစိုးရယ်ဦး

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးအုပ်စုရှိ  ကျေးရွာအချို့တွင် မိုးရာသီအတွင်း ကွန်ကရစ်လမ်း တိုးချဲ့ဆောက်လုပ်ရာ မိုးရွာလျှင် သွားလာရခက်ခဲသည့်အတွက် အခြားရာသီတွင် ရွှေ့ဆိုင်းရန် ဒေသခံများက လမ်းဦးစီးဌာနသို့ တောင်းဆိုကြသည်။

ထိုသို့တောင်းဆိုရာ စီမံကိန်းကိုတာဝန်ယူနေသည့် အဖွဲ့က စီမံကိန်းကျသည့်အတိုင်း လုပ်ဆောင်နေရကြောင်း ကျေးလက်ဖွံ့ဖြိုးရေးဌာနအဖွဲ့မှ အငယ်တန်းအရာရှိ (၂) အင်ဂျင်နီယာကျော်မိုးဦးက ပြောပါသည်။

“ကျွန်တော်တို့ကဦးစီးဌာနနဲ့ သွားနေရတော့ ချမှတ်ထားတဲ့ စီမံကိန်းအတိုင်းပဲသွားရတာပေါ့။” ဟု ၎င်းကပြောသည်။

အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့ ဦးဆောင်ဆောက်လုပ်သည့် ၎င်းစီမံကိန်းလမ်းပိုင်းသည် ထီးပိုးကလိုးကျေးရွာအုပ်စုအတွင်းရှိ ဒေါကူလီကျေးရွာ၊ ဒေါတဒါး၊ ထီးပိုးကလိုးစသည့် ကျေးရွာများဖြစ်သည်။

၎င်းမြေနီလမ်းပိုင်းကို လမ်းလွှဲမှမောင်းနှင်ရသည့်အချိန်တွင် ရွှံ့ဗွက်ထူသည့်အတွက် လမ်းချော်နေသည်။ မိုးမရွာသည့်အချိန်တွင် လုပ်ဆောင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

“ကျွန်မတို့ သွားလာရအဆင်ပြေအောင်တော့ လုပ်ပေးတာကောင်းပါတယ်၊ ဒါမဲ့ မိုးရာသီချိန်ကျတော့ အခက်ခဲကြုံနေရတယ်၊ လမ်းချော်လို့ ဆိုင်ကယ်မှောက်တာပေါ့နော်”ဟု ဖဲလျားကျေးရွာနေ ဒေါ်ပလျားမာက ပြောသည်။

လက်ရှိလမ်းပိုင်းသည် ထီဖိုုးကလိုးအုပ်စုအပြင် ဒေါဖုအုပ်စု၊ ဒေါတမကြီးအုပ်စုများမှ ဒေသခံပြည်သူများအဓိက အသုံးပြုနေသည့် လမ်းဖြစ်သည်။

ကျေးလက်မှ လက်ရှိ၎င်းတို့ချဲ့ထွင်နေသည့်လမ်းကို လာရောက်စစ်ဆေးပြီး ပြည်ထောင်စုဘတ်ဂျက်ဖြင့် ၂ဝ၁၉-၂ဝတွင် ကွန်ကရစ်လမ်းဆက်လက်ခင်းသွားမည် ဖြစ်ကြောင်း သိရသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...