တိန်းကောက် ရဝမ်ကုန်း စစ်ရှောင်များ ၁နှစ်ကျော်တိုင် အကူညီ မရသေး

တိန်းကောက် ရဝမ်ကုန်း စစ်ရှောင်များ ၁နှစ်ကျော်တိုင် အကူညီ မရသေး

အစိုးရ အသိမှတ်ပြုခြင်း မခံရသော မြစ်ကြီးနား၊ နန်းကွေ့ ကဘူဒမ်း ရပ်ကွက် အတွင်းရှိ စစ်ရှောင်များသည် တစ်နှစ်ကျော်ခန့်ရှိလာသော်လည်း ယနေ့ထိ မိသားစုအလိုက် တဲအိမ်ဖြင့် နေထိုင်ရန် အကူညီ မရှိသောကြောင့် မိုးကာတဲများဖြင့်သာ နေရကာ စိတ်မကောင်း ဖြစ်နေကြပါသည်။

နန်းကွေ့ ကဘူဒမ်းရှိ ခရစ်တော်၏ အသင်းတော် COC ဘုရားကျောင်းဝန်းတွင် မိုးကာတဲများဖြင့် နေထိုင်နေရသူများမှာ မိသားစု (၁၄)ခုမှ လူဦးရေ (၃၈)ဦး ဖြစ်ပြီး ၎င်းတို့သည် လီဒိုလမ်း တိန်းကောက် (ရဝမ်ကုန်း)မှ စစ်ရှောင်များ ဖြစ်ကြသည်။

၎င်းတို့ ရောက်လာသည့် အချိန်မှ စပြီး သက်ဆိုင်ရာ ကချင်ပြည်နယ် အစိုးရ၊ လူမှုရေးအဖွဲ့အစည်းများကို အသိပေး အကူညီတောင်းခံ ခဲ့သော်လည်း ယနေ့ ထိ နေစရာ မိသားစု တဲအိမ်များ မရရှိသေးပေ။

ထိုသို့ လစ်လျူရှုခံရသောကြောင့် စိတ်မကောင်း ဖြစ်မိကြောင်း ကဘူဒမ်းရှိ စစ်ရှောင်တာဝန်ခံ ဆရာ ဆန်ဖီနိုင် ယခုလို ပြောပါသည်။

“ကျနော်တို့ဖက်က သက်ဆိုင်ရာတာဝန်ရှိသူတွေကို တင်ပြတယ်။ ဒါပေမယ့် အလေးထား ဂရုစိုက်မှု မရှိဘူး။ တစ်ဖက်ကကြည့်မယ်ဆိုရင် တန်းတူညီမျှမှုမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ ဒီစစ်ရှောင်နေရာက လူတွေ မရောက်နိုိင်တဲ့ နေရာလည်းမဟုတ်ဘူး။ မြို့ရဲ့အလယ်ကောင်မှာတည်ရှိနေတာ ဖြစ်တယ်။ သတင်းမီဒီယာများဖြင့်လည်း အဆင့်ဆင့် သိနိုင်ပါတယ်။ ကျနော်တို့နောက်မှာ ရောက်တဲ့ စစ်ရှောင်တွေက တော်တော်များများပံ့ပိုးမှု ခံစားရတယ်။ နေစရာ အားလုံးအဆင်ပြေကြတယ်။ ကျနော်တို့က တစ်နှစ်ကျော်ကာလမှာ အစိုးရက အစ ဘယ်အဖွဲ့အစည်းမှ ထောက်ပံ့မှု မပေးဘူး။ ဘာသာရေးကြောင့်လား။ လူမျိုးရေးကြောင့်လား။ တော်တော်စိတ်မကောင်းပါဘူး။”

မိုးကာတဲများဖြင့် နေရသောကြောင့် ရာသီဥတု၏ ဒဏ်ကို ကြာရှည်စွာ မခံနိုင်ကြောင်းကို စစ်ရှောင်စခန်းမှ ဦးလအောင် က ယခုလို ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့က ဒီမှာနေရတာ တစ်နှစ်ကျော်လာပြီ။ ယခုချိန်ထိ မိုးကာတဲဖြင့် နေရတာ အဆင်မပြေဘူး။ မိုးရွာရင် မိုးယိုတယ်။ နေပူရင်လည်း အထဲမှာနေလို့မရဘူး။ ယခုဆောင်းတွင်းရောက်လာရင် ဘယ်လိုနေမလဲမသိဘူး။ တော်တော်စိုးရိမ်နေရတယ်။ လာကူညီတဲ့အဖွဲ့အစည်းတွေလည်း မရှိသလောက်ဘဲ။” 

အဆိုပါစစ်ရှောင်များသည် တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ လီဒိုလမ်းတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာသောကြောင့် ၂၀၁၇ ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ တွင် မြစ်ကြီးနားသို့ ရွှေ့ပြောင်းလာခဲ့ခြင်း ဖြစ်သည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...