ကရင်နီဘာသာ အစီအစဉ် (စက်တင်ဘာလ ၀၆၊ ၂၀၁၈)

ကရင်နီဘာသာ အစီအစဉ် (စက်တင်ဘာလ ၀၆၊ ၂၀၁၈)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရဲ့ ခွင့်ပြုချက်နဲ့ သံလွင်အရှေ့ဘက်ကမ်းမှာ စုပုံထားတဲ့ ကျွန်းတန် ၃,၀၀၀ နဲ့ သစ်မာတန် ၂,၀၀၀ ကို သစ်တောဦးစီးဌာနက တရားဝင် သယ်ယူမှာဖြစ်တယ်လိုု့ သိရပါတယ်။

တစ်နှစ်ကျော်အတွင်း မော်တော်ဆိုင်ကယ်အစီးရေပေါင်း ၁,၁၂၉ စီးကို လိုင်စင်မှတ်ပုံတင်ဆောင်ရွက်ပြီးကြောင်း ကညန က ထုတ်ပြန်ထားပါတယ်။ ကယား(ကရင်နီ) ပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ယခင်က KNPP အဖွဲ့အစည်းတစ်ခုတည်းမှာပဲ တော်လှန်ရေးလုပ်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ခွဲထွက်သွားခဲ့ကြပြီး လက်နက်ကိုင် (၇)ဖွဲ့လောက် ကွဲပြားသွားခဲ့ပါတယ်။ အခုချိန်ဟာ ငြိမ်းချမ်းရေးအတွက် ပြန်လည်ပေါင်းစည်းဖို့ လိုအပ်နေပြီလို့ ခုခံတော်လှန်ရေးနေ့အခမ်းအနားမှာ KNPP ရဲ့ ဒုဥက္ကဋ္ဌ ခူဦးရယ် က ပြောဆိုသွားခဲ့တဲ့အပေါ် ပြည်နယ်အတွင်းရှိ နို်င်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေက ဘယ်လိုသုံးသပ်ပြောဆိုကြပါသလဲ။

May 24, 2026
- လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ ထန်းလျှောက်ခံ အစီရင်ခံစာကို ULA/AA က...
May 23, 2026
- ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့အစိုးရက ကချင်ဒေသတစ်ခုလုံးမှာ တိုက်ပွဲဖော်ဆောင်ဖို့သာ အဓိက...
May 23, 2026
မနေ့ မေလ ၂၂ ရက်နေ့ ချင်းတိုင်းရင်းသားဘာသာရဲ့ youtube လင့်ကို ပို့ပေးဖို့ မေ့သွားလို့...
May 21, 2026
- ကရင်နီပြည်မှာ စိုက်ပျိုးနိုင်တဲ့ဧရိယာတွေ နည်းလာတာကြောင့် လာမယ့် ၂၀၂၆ အလွန်နဲ့ ၂၀၂၇...