အမျိုးသားစည်းလုံးမှုကိုဖေါ်ဆောင်မည့် “ဒီးကူမြန်မာ” အဖွဲ့အစည်း ထူထောင်

အမျိုးသားစည်းလုံးမှုကိုဖေါ်ဆောင်မည့် “ဒီးကူမြန်မာ” အဖွဲ့အစည်း ထူထောင်
by -
ခူးစိုးရယ်ဦး

ဒီးကူကဲ့သို့ စညး်လုံးမှုကိုအခြေခံပြီး ကယားအမျိုးသားတစ်ရပ်လုံး၏ လူမှုရေးနှင့် ယဉ်ကျေးမှုများ ဖွ့ံဖြိုးတိုးတက်ရန် ဒီးကူမြန်မာအဖွဲ့က လုပ်ဆောင်သွားမည်ဟု ဆိုသည်။

လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သွားရန်၊ ကယားလူမျိုးများတို့၏ ရိုးရာဓလေ့၊ ယဉ်ကျေးမှုအမွေးအနစ်များကို ထိန်းသိမ်းမြင့်တင်ရန်နှင့် ပြည်တွင်းပြည်ပရှိ ကယားအမျိုးသားများအတွက် အထွေထွေအသိပညာဗဟုသုတများဖလှယ်ရာ ဆုံမှတ်တစ်ခုအဖြစ် ရပ်တည်ပေးရန် ၎င်းတို့က ရည်ရွယ်နေသည်။

“နေရာတကာမှာရှိတဲ့ ကယားလူမျိုးတွေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကယားလူငယ်မောင်မယ်တွေကိုု တစ်စုတစ်စည်းတည်းဖြစ်စေချင်တယ်”ဟု ယင်းအဖွဲ့အစည်း၏ ကယားပြည်နယ်ဘောင်ဒါဆောင် စီမံခန့်ခွဲသူနှင့် ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးပလုရယ်က ပြောသည်။

သြဂုတ်လ ၁၁ နေ့မှ ၁၂ နေ့ထိ ဆွေးနွေးညှိနှိုင်းခြင်းအစီအစဉ်ကို ပြည်နယ်အတွင်း ကယားလူငယ်များ နယ်စုံသီးသီးမှ တက်ရောက်ကြသည်။

ဒီးကူမြန်မာ၏ အွန်လိုင်းဝက်ဆိုဒ်စာမျက်နှာတစ်ခုကိုလည်း ၂၀၁၈ ဇန်နဝါရီလတုန်းကတည်းက ကမကထထူထောင်ခဲ့သည်။

ပြည်တွင်းပြည်ပရှိ ကယားအမျိုးသား အသိပညာရှင်များ၊ အနုပညာရှင်များ၊ စေတနာရှင်များနှင့် လက်တွဲ၍ ရိုးရာဓလေ့၊ စာပေယဉ်ကျေးမှုနှင့် လူမှုမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု သိရသည်။

အခြားသောလူမှုအဖွဲ့အစည်း၊ အသင်းအဖွဲ့များနှင့်လည်း ပူးပေါင်းပြီး လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟုု ခူးပလုရယ်က ဆိုသည်။

“ ကယားပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးအတွက် မျှော်လင့်ထားပါတယ် ကို်ယ်လည်းတတ်နိုင်တဲ့ဖက်ကနေပြီးတော့ ပါဝင်ကူညီပေးသွားမယ်။”ဟု ယင်းတလဲစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ကိုရွှေမိုးက ပြောသည်။

 

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...