သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အရန်မီးသတ်သင်တန်းဖွင့်လှစ်

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အရန်မီးသတ်သင်တန်းဖွင့်လှစ်
by -
ခူးစိုးရယ္ဦး
ထီးသဲကလိုးကျေးရွာတွင် မီးသတ်သင်တန်းပို့ချနေစဉ် (ဓာတ်ပုံ-ဒီးမော့ဆိုမြို့နယ် မီးသတ်တပ်ဖွဲ့)
ထီးသဲကလိုးကျေးရွာတွင် မီးသတ်သင်တန်းပို့ချနေစဉ် (ဓာတ်ပုံ-ဒီးမော့ဆိုမြို့နယ် မီးသတ်တပ်ဖွဲ့)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် အရံမီးသတ်တပ်ဖွဲ့သင်တန်းကို ယခုလ သြဂုတ်လ ၆ရက်နေ့မှ ၃၁ ရက်နေ့ထိ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိမိမြို့နယ်အတွင်း ဘေးအန္တရာယ်တစ်ခုခု ကြုံခဲ့လျင် အဆင်သင့်ဖြစ်နေရန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်မွမ်းမံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ် မီးသတ်ဒုဦးစီးမှူး ဦးကြည်စိုးဟန်က ပြောသည်။

̏ မီးလုံးဝမလောင်စေချင်လို့၊ လောင်ခဲ့ရင်လည်း ဆုံးရှုံးမှု တန်ဖိုးနည်းအောင်ဖြစ်တယ်။ မီးဘေးအသက်အန္တရာယ်မဖြစ်အောင် ဖြစ်တယ်။˝ ဟု ဦးကြည်စိုးဟန်က ပြောသည်။

တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခြင်း စသည့်ဘေးအန္တရာယ်ဆိုင်ရာတွင် ကြိုတင်ကာကွယ်နိုင်ရန် စုဖွဲ့လေ့ကျင့်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မွမ်းမံသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။

“သူတို့ ပို့ချပေးတဲ့သင်တန်းက အချိန်တော့ နည်းတယ်ပေါ့ ပို့ချပေးတာတော့ကောင်းပါတယ်၊ တဖက်က ကျနော်တို့ပြည်သူတွေ အချိန်မပေးနိုင်တာတွေလည်း ရှိတယ်လေး”ဟု ထီးဖိုးကလိုးကျေးရွာအုပ်စု ထီးသဲကလိုးကျေးရွာနေ ဦးတီရယ်က ပြောသည်။ 

ယခင်နှစ်တွေမှာ ထီးဖိုးကလိုးကျေးရွာအုပ်စုထဲက ထီးသဲကလိုးကျေးရွာတွင် စိတ်မနှံ့သူတစ်ဦးမှ အိမ်မီးရှို့ခဲ့ပြီး ၎င်းရွာများတွင် ထပ်ဖြစ်လာမည်ကို ဒေသခံပြည်သူများအား စိတ်ခြောက်ခြားနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သင်တန်းကို ထီးဖိုးကလိုးကျေးရွာအုပ်စု ထီးသဲကလိုးကျေးရွာတွင် ဖွင့်လှစ်ပြီး ကျေးရွာပေါင်း ၉ ရွာမှ လူဦးရေ ၅ဝခန့် တက်ရောက်နေသည်။

“အခု အချိန်က သူတို့တွေရဲ့ ဝမ်းစာအတွက်ပေါ့၊ စပါးစိုက်တဲ့ ရာသီဆိုတော့ အချိန်မပေးနိုင်ကြတာလည်း ဖြစ်တယ်”ဟု ဦးကြည်စိုးဟန်က ပြောပါသည်။

ဒီးမော့ဆိုမြို့နယ်တွင် ၅နှစ်တာ မီးလောင်ကျွမ်းမှု မှတ်တမ်းအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၅ ကြိမ် ရှိခဲ့ပြီး ၎င်း ဆုံးရှုံးမှုတန်ဖိုးသည် ကျပ်သိန်း ၄၀ နီးပါး ရှိခဲ့သည်။ ထို့ကြောင့် ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက မီးလောင်ကျွမ်းမှု ၉ကြိမ် လျော့နည်းခဲ့ပြီး ဆုံရှုံးမှုတန်ဖိုးမှာလည်း ကျပ်သိန်း ၆၀ နီးပါး လျော့နည်းခဲ့သည်ဟု သိရသည်။ ၂၀၁၈ ခုနှစ်ကာလအတွင်းမှာ မီးလောင်ကျွမ်းခြင်းမရှိခဲ့ပေ၊ သို့သော် လေပြင်းတိုက်ခတ်မှုများ ရှိနေခဲ့သည်ဟု သိရသည်။

၂ဝ၁၈ခုနှစ်အတွငး် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်ကျွမ်းမှုနှင့် အခြားဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များကြောင့် အိမ်ခြေအဆောက်အဦး ၁၄၅ အိမ်၊ စက်ရုံအလုပ်ရုံ ၁လုံး မီးလောင်ခံရပြီး မီးဘေးဒုက္ခသည် ၁၂၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့၍ လူ တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်အစီရင်ခံစာအရ သိရသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...