မော်ချီးသတ္တုတွင်းလုပ်ကွက်တွင် စွန့်ပစ်မြေစာပုံ ပြိုကျ၍ လူ ၂ ဦး သေဆုံး

မော်ချီးသတ္တုတွင်းလုပ်ကွက်တွင် စွန့်ပစ်မြေစာပုံ ပြိုကျ၍ လူ ၂ ဦး သေဆုံး

မော်ချီးသတ္တုတွင်း လုပ်ကွက်တွင် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်က စွန့်ပစ်မြေစာပုံ ပြိုကျသဖြင့် လူ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားသည်။

မိုးသည်ထန်စွာရွာသွန်းရာမှ ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ တောင်ပေါ်ရွာ (၁၅)ရပ်ကွက် ကျောက်ကြားရပ် ခဲကျင်းလုပ်ကွက်(၅၁)မှ ကျင်းဦးစီး ဦးလင်းမိုး၏ အလုပ်သမားနေသည့်တဲပေါ်သို့ ၎င်းအထက်ရှိ စွန့်ပစ်မြေစာပုံမှ မြေစာများ အလုပ်သမားတဲပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။

တဲအတွင်းရှိ အိပ်နေသော ခဲကျင်းလုပ်သားများဖြစ်သော မြို့သစ်မြို့နယ်၊ အင်းရွာကြီး ကျေးရွာအုပ်စု၊ သလင်း ကုန်းကျေးရွာနေ ဦးအောင်သူ (၂၇) နှစ်နှင့် ဦးအောင်ဝင်းထွန်း (၂၉) နှစ်တို့ (၂) ဦးသည် နေရာမှာပင် သေဆုံးခဲ့သည်။ ထို့အပြင် ဦးဇော်လင်း (၂၇) နှစ်သည့် ဒဏ်ရာပြင်းထန်ခဲ့ပြီး လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ကုသထားသည်။

အဆိုပါနေရာသည် မြေသားခိုင်မာမှုမရှိသော စွန့်ပစ်ဇလား မြေစာပုံများအပေါ်တွင် တဲထိုးဆောက်လုပ်ထား ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်ဟု အာဏာပိုင်များက ပြောသည်။

သေဆုံးသွားသူအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ငွေကျပ် (၁၀) သိန်း၊ ရဲထွဋ်ကျော် ကုမ္ပဏီမှ ထောက်ပံ့ငွေ (၁၀) သိန်း၊ စုစုပေါင်း ငွေကျပ် သိန်း(၂၀) နှင့် အိမ်အမိုးအကာပစ္စည်း (၅) မိုး၊ ယာယီ အသုံးပြုနိုင်ရန် ရွက်ဖျင်တဲ အဆောက်အဦတို့အား ပေးအပ်ခဲ့ပါသည်။

ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...