၂၁ ရာစုပင်လုံ တတိယညီလာခံတွင် နိုင်ငံရေးအခန်းကဏ္ဍ ၁၄ ချက်ကို သဘောတူလက်မှတ်ထိုး

၂၁ ရာစုပင်လုံ တတိယညီလာခံတွင် နိုင်ငံရေးအခန်းကဏ္ဍ ၁၄ ချက်ကို သဘောတူလက်မှတ်ထိုး
by -
ခူးစိုးရယ်ဦး

၂၁ ရာစု ပင်လုံတတိယအကြိမ်ညီလာခံအစည်းအဝေး၏ ၆ ရက်မြောက်နေ့ ဇူလှိုင်လ ၁၆ ရက်နေ့တွင် UPDJC မှ နိုင်ငံရေးအခန်းကဏ္ဍ အချက် ၁၄ ချက်အား သဘောတူလက်မှတ်ရေးထိုးလိုက်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကို ၂ဝ၁၈ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂ဝ၁၉ ခုနှစ်တွင် တစ်ကြိမ်ထပ်မံကျင်ပမည်ဖြစ်ပြီ ဒီမိုကရေစီနှင့် အခြေခံမူဝါဒသဘောတူညီချက်ရအောင် ဆောင်ရွက်သွာမည်ဖြစ်ကြောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်က ပြောသည်။

ပြည်ထောင်စုငြိမ်ချမ်ရေညီလာခံ ၂၁ ရာစု ပင်လုံဒုတိယအကြိမ်တွင် ပြည်ထောင်စုသဘောတူညီမှုစာချုပ် အစိတ်အပိုင် ၁ အဖြစ် မူဝါဒသဘောတူညီချက် ၃၇ ချက်ကို ရေးထိုးနိုင်ခဲ့သည့်အတွက် ယခုအကြိမ် သဘောတူညီသည့် အချက် ၁၄ ချက်အပါအဝင် စုစုပေါင် ၅၁ ချက် ရှိသွားပြီဖြစ်သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးက NCA ရေထိုနိုင်အောင် တတိယအကြိမ် ၂၁ ပင်လုံညီလာခံလုပ်ရခြင်ဖြစ်သည်အတွက် မထိုးသေးသော အဖွဲ့မျာ ထိုးလာနိုင်ရန် ကျွန်မတို့ ဆက်လက်ပြီ လက်တွဲခေါ်နိုင်ရန် ညီလာခံအဆက်ဆက် ပြုလုပ်သွာမယ်။”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုငြိမ်ချမ်ရေညီလာခံ ၂၁ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးတွင် UPDJC အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် နိုင်ငံရေးအခန်းကဏ္ဍမှ အချက် ၁၄ ချက်အား နေ့လည် ၁ နာရီခွဲမှ စတင်ကာ ည ၈ နာရီအထိ အကြိတ်အနယ်ဆွေးနွေးခဲ့သည်။

၎င်းတို့ သဘောတူလိုက်သည့် အချက်များမှာ နိုင်ငံရေး ၄ ချက်၊ စီးပွားရေး ၁ ချက်၊ လူမှုရေး ၇ ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ၂ ချက်ဖြစ်ပြီး အချက်တိုင်း၏ စကားလုံးအတိအကျဖြစ်သည်။

UPDJC တွင် ဥက္ကဌအဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမြင့်ဆုံးဆွေးနွေးပွဲဖြစ်သည်။

“ဒီဆွေးနွေးပွဲက ကျနော်တို့ တိုင်းရင်းသားပြည်သူတွေအတွက် အခွင့်အရေး တောင်းဆိုဆွေးနွေးတဲ့အချက်တော့ တော်တော်နည်းတယ်။”ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီဝင် ဦးဖိုးရယ်က ပြောသည်။

၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အချက်များ နည်းလွန်းသဖြင့် နောင်လာမည့် ညီလာခံတွင် အချက်များများ ထည့်သွင်း ဆွေးနွေးရန်် မျှော်လင့်ထားကြောင်း သူက ပြောသည်။

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...