၂၀၂၀ မတိုင်မီ ငြိမ်းချမ်းရေး ညီလာခံအား သုံးကြိမ်ထပ်မံ ကျင်းပဦးမည်

၂၀၂၀ မတိုင်မီ ငြိမ်းချမ်းရေး ညီလာခံအား သုံးကြိမ်ထပ်မံ ကျင်းပဦးမည်

ဒုတိယပင်လုံ ညီလာခံအား ၂၀၁၀ မတိုင်မီ (၃) ကြိမ်ထပ်မံကျင်းပရန် လျာထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပနေသည့် ၂၁ ရာစု ပင်လုံ ညီလာခံဖွင့်ပွဲ မိန့်ခွန်းတွင်း ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်က “လာမယ့် ၂၀၂၀ ခုနှစ် မတိုင်မီ နှစ်နှစ်အတွင်း သုံးကြိမ် ထပ်ပြုလုပ်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ ဆွေးနွေးပွဲ တွေကနေ ဘယ်လက်နက်ကိုင် အဖွဲ့အစည်း တွေက ကိုယ်ကျိုးစီးပွား ကြည့်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတာ ဟုတ်၊ မဟုတ်ပေါ်လာမယ်” ဟု ပြောကြား ခဲ့သည်။

ညီလာခံအား ၂၀၁၈ ခုနှစ် အတွင်းတွင် တစ်ကြိမ် ၂၀၁၉ ခုနှစ်အတွင်း နှစ်ကြိမ် ထပ်မံကျင်းပရန် လျာထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ညီလာခံတက်ရောက်လာသည့် အစုအဖွဲ့ အသီးသီးမှ ခေါင်းဆောင်များမှ လက်တွေ့ ကျသည့် ရေတိုအကောင်အထည် ဖော်နိုင်ရန် အစိုးရနှင့်အတူ သန္နိဌာန်ချက ကြိုးပမ်းဆောင်ရွက် ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ခဲ့သည်။

လက်ရှိတွင် အကောင်အထည် ဖော်နေရသည့် ငြိမ်းချမ်းရေးညီလာခံအခြေအနေများအား ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးမှ ချောတိုင်တက်နေသည့် အခြေအနေနှင့် ခိုင်းနှိုင်း ပြောဆိုသွားပြီး ရောက်နှင့် ပြီးသား အခြေအနေမှ ထပ်မံ နိမ့်ကျမသွားအောင် ကြိုးပမ်းဆောင်ရွက် နေရကြောင်း ၎င်းက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဇူလိုင် (၁၁) ရက်နေ့မှစ၍ (၆) ရက်တာ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယ အစည်းအဝေးအား တနိုင်ငံလုံး အပစ်အခတ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များအပြင် အပစ်ရပ်လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များမှ ခေါင်းဆောင်များလည်း တက်ရောက် နေကြသည်။

သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအားလုံး NCA အား လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြား ခဲ့သည်။

“NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေ မရှိလို့ လက်မှတ်ထိုးစရာ မလိုဘူးလို့ ပြောဆိုနေတာတွေ ယခင်သဘောတူညီချက်တွေ ရှိပြီး ဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့ ညီညွတ်မှု မရှိဘူးလို့ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ပြောကြားသွားခဲ့သည်။

ဤကျင်းပနေသည့် ၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေးအား သတ်မှတ်ချိန်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကျင်းပရမည် ဖြစ်သော်လည်း ညှိနှိုင်းမှုများ၌ ကြန့်ကြာနေခဲ့ခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရကာ ယခုမှသာ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈၊ ဇူလိုင်လ ၁၁ ရက်နေ့။ BNI ။

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...