Published
Sunday, July 01, 2018
မြန်မာဘာသာ အစီအစဉ် (ဇူလှိုင်လ ၀၁၊ ၂၀၁၈)
ရေဘေးဒဏ်ကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်က ဆားကွင်းတွေနဲ့ လာမယ့် နွေရာသီအတွက် သိုလှောင်ထားတဲ့ ဆားကုန်ကြမ်းတွေ အများအပြား ဆုံးရှုံးမှုဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်မှာတော့ မြေပိုင်ရှင်ဖြစ်ကြောင်း သက်သေမရှိတဲ့အတွက် စစ်တပ်က သိမ်းဆည်းထားတဲ့ မြေတွေကို ပြန်လည်ပေးအပ်နိုင်မှာ မဟုတ်ဘူးလို့ ဒု-ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ကချင်ပြည်နယ်မှာတော့ အစိုးရရဲ့ခွင့်ပြုချက်မရဘဲ စစ်ပြေးဒုက္ခသည်စခန်း တွေဆီကို အကူအညီသွားပေးရင် မတရားအသင်း ဆက်သွယ်မှုပုဒ်မနဲ့ အရေးယူခံရမယ်လို့ နယ်စပ်လုံခြုံရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။






