လင်းခေးခရိုင် မျက်နှာခြင်းဆိုင် မယ်ဟောင်ဆောင်တွင် ထိုင်းစစ်လေယာဉ်ပျက်ကျ ၃ ဦးသေ

လင်းခေးခရိုင် မျက်နှာခြင်းဆိုင် မယ်ဟောင်ဆောင်တွင် ထိုင်းစစ်လေယာဉ်ပျက်ကျ ၃ ဦးသေ
ပျက်ကျသည့် ထိုင်းတပ်မတော်ကင်းလှည့်လေယာဉ် Photo Credit to Khao Sod
ပျက်ကျသည့် ထိုင်းတပ်မတော်ကင်းလှည့်လေယာဉ် Photo Credit to Khao Sod

ရှမ်း(သျှမ်း)ပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့မျက်နှာခြင်းဆိုင် – ထိုင်းနိုင်ငံ မြောက်ပိုင်း မယ့်ဟောင့်ဆောင် ခရိုင် တွင် ထိုင်းစစ်တပ်၏ ကင်းလှည့်လေယာဉ်တစီး ပျက်ကျရာ စစ်သည် ၃ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန် ဒဏ် ရာရရှိကြောင်းသိရသည်။

ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက ထိုင်းဘုရင့်တပ်မတော် လေယာဉ်တစီးသည် မယ့်ဆောင်ဆောင်ခရိုင် မယ်ဟောင်ဆောင်မြို့နယ်၊ ပန်မဖာ့မြို့နယ်၊ ပိုင်းမြို့နယ်အတွင်းရေဒါမျက်နှာပြင်မှ ပျောက်ဆုံးသွားသဖြင့် တာဝန်ရှိ နယ်စပ်လုံခြုံရေးစစ်တပ်က သွားရောက်ရှာဖွေရာ ပန်မတ်ဖာ့ မြို့နယ် ဟွေ့ဖင့်ရွာနှင့် ၂ ကီလိုမီတာအကွာတွင် အဆိုပါလေယာဉ်ပျက်ကျနေသည်ကိုတွေ့ရကြောင်း ထိုင်းနိုင်ငံ ရုပ်သံသတင်းဌာနတွင် ဖော်ပြသည်။

အဆိုပါ စစ်လေယာဉ်တစင်းလုံး မီးလောင်ပျက်စီးပြီး လေယာဉ်မှူး နှစ်ဦး နှင့် လိုက်ပါသူ တဦး တို့၏ အလောင်းများအား ရှာဖွေတွေ့ရကြောင်း၊ ကျန်ရှိစစ်သည်တဦးမှာမူ နံရိုးကျိုး၊ ထိခိုက်ပွန်းပဲ့ဒဏ်ရာနှင့် မီးလောင်ခံရသောဒဏ်ရာရရှိထားသဖြင့် မယ့်ဟောင့်ဆောင်ခရိုင်ဆေး ရုံကြီးသို့ပို့ဆောင်ဆေးကုသထားရကြောင်း ထိုင်းသတင်းများထုတ်ပြန်ချက်အရသိရသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...