တရားစွဲဆိုခံထားသည့် MNP ပါတီဝင်ဟောင်း ၃ ဦးကို လာမည့်အပတ်တွင် ရုံးချိန်းထပ်မံဆင့်ခေါ်

တရားစွဲဆိုခံထားသည့် MNP ပါတီဝင်ဟောင်း ၃ ဦးကို လာမည့်အပတ်တွင် ရုံးချိန်းထပ်မံဆင့်ခေါ်
တရားစွဲခံရသူ ၃ ဦး(ညာဘက်) နှင့် ဝန်းရံသူ(photo:MNA)
တရားစွဲခံရသူ ၃ ဦး(ညာဘက်) နှင့် ဝန်းရံသူ(photo:MNA)

မွန်အမျိုးသားပါတီ MNP ပါတီဆိုင်းဘုတ်ဖျက်စီးမှုဖြင့် ကျိုက်မရောမြို့နယ် တရားရုံးတွင် စွပ်စွဲခံရသူ ပါတီဝင်ဟောင်း ၃ ဦးအား လာမည့် ဇွန်လ ၂၂ ရက်နေ့တွင် တတိယအကြိမ် ရုံးချိန်းထပ်မံခေါ်ဆိုထားကြောင်း အထက်တန်းရှေ့နေ ဦးအောင်ဆန်းဦးက ပြောသည်။

တရားစွဲဆိုခံထားရသူ ၃ ဦး၏ အကျိုးတော်ဆောင်ရှေ့နေများကို အသစ်ပြန်လည်တင်သွင်းရာတွင် မိစန္ဒာနွန်အတွက် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းနှင့် ဒေါ်အေးအေးမြိုင်၊ မိစုစုမွန်အတွက် အထက်တန်းရှေ့နေ ဦးအောင်ဆန်းဦးနှင့် ဒေါ်ဟန်နဒီ၊ နိုင်ဉာဏ်လင်းအတွက် အထက်တန်းရှေ့နေ ဦးမျိုးဇော်ဦးတို့ လိုက်လံအကျိုးဆောင်ပေးလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“ကျွန်တော်တို့ပြီးခဲ့အပတ်တုန်းက ဘာကြောင့် ဒီရှေ့နေကိုယ်စားလှယ်လဲရလည်းဆိုတော့ အရင်အပတ်တုန်းက ကျွန်တော်တို့ ဆရာဦးဇော်ဝင်း၊ ဦးမင်းဇော်ဦး၊ ကျွန်တော်အောင်ဆန်းဦးရယ် ပူးတွဲပါဝါတင်သွင်းထားတယ်။ အဲဒါကြောင့် ပါဝါတင်သွင်းတဲ့နေရာမှာ စွပ်စွဲခံရသူသုံးဦးရဲ့ သဘောဆန္ဒအရ သူက သီးခြားရှေ့နေငှားစေချင်တယ်ဆိုလို့ သူက သီးခြားရှေ့နေလိုက်ပါဆောင်ရွက်ရန် တောင်းဆို လာတဲ့အပေါ်မှာ ကျွန်တော်တို့က ပါဝါသုံးခုကို တစ်ယောက်ကို ရှေ့နေတစ်အုပ်စုဆိုပြီးတော့ ကျွန်တော်တို့ ခွဲထုတ်လိုက်ရတာပေါ့နော်။ ဒါကတော့ သူတို့ရဲ့ ဆန္ဒအရပါ။ တရားရုံးဖက်ကလည်း ကျေနယ်တယ်”ဟု ဦးအောင်ဆန်းဦးက ရှင်းပြသည်။

သို့ရာတွင် ယနေ့ကျိုက်မရောတရားရုံး၌ ဒုတိယအကြိမ် ရုံးချိန်းအပြီးတွင် တရားလိုဘက်မှ ရှေ့နေများကို မေးမြန်းခဲ့သော်လည်း အမှုထပ်မံစစ်ဆေးရမည်ဖြစ်၍ ပြန်လည်ဖြေကြားပေးရန် အချိန်မရှိသေးကြောင်း ငြင်းဆန်ခဲ့သည်။

စွပ်စွဲခံရသူ မိစန္ဒာနွန်နှင့် မိစုမွန်တို့ကို ရာဇသတ်ကြီးပုဒ်မ ၅၀၀ အသရေဖျက်မှု၊ ၄၂၇ အကျိုးဖျက်စီးမှုနှင့် ၁၁၄ ပူးတွဲကြံစည်မှုတို့ဖြင့် စွဲဆိုထားပြီး နိုင်ညာဏ်လင်းကိုမူ ရာဇသတ်ကြီးပုဒ်မ  ၄၂၇ အကျိုးဖျက်စီးမှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...