အကျဉ်းသား ၆၅ % သည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျထားသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ဆို

အကျဉ်းသား ၆၅ % သည် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျထားသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်ဆို
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ(ဓါတ်ပုံ -MNA)
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ(ဓါတ်ပုံ -MNA)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အကျဉ်းထောင်နှင့် သထုံမြို့ရှိ အကျဉ်းထောင်အတွင်း အကျဉ်းသား ၆၅ % သည် မူးယစ်ဆေးဝါးအမှုဖြစ် ထောင်ကျထားသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ဝန်ကြီးချုပ်က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ မဖမ်းဆီးတဲ့နေ့တစ်နေ့မှမရှိဘူး၊ ဒီမော်လမြိုင်ထောင်နဲ့ သထုံထောင်မှာ ကျနေတဲ့ အကျဉ်းသားတွေရဲ့ ပျမ်းမျှ ၆၅ % က မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျထားတယ်၊ နောက်ဆုံးကျတော့ ထောင်ထဲမှာ ထားစရာနေရာမရှိဖြစ်အောင် မူးယစ်ဆေးဝါး ဖမ်းဆီးနေတဲ့အခြေအနေရှိတယ်” ဟု ပြောသည်။

မူးယစ်ဆေးဝါးပြဿနာကို တားဆီးနိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူလူထုတို့ ပူးပေါင်းပါဝင်ပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှသာ ယင်းပြဿနာကို ဖြေရှင်းနိုင်မည်ဟု ဇွန်လ ၅ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒဿမပုံမှန်အစည်းအဝေးတွင် ဝန်ကြီးချုပ်က ဆိုသည်။

ချောင်းဆုံမြို့နုယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ မူးယစ်ဆေးဝါး ကာကွယ်နှိမ်နင်းရေးနှင့် စပ်လျဉ်းသည့်မေးခွန်းမေးမြန်းရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးပြဿနာနှင့် ရာဇဝတ်မှုများကိို ထိထိရေရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်ရန် ပြည်နယ်အစိုးအနေဖြင့် မူဝါဒနှင့် စီမံချက်များ မည်ကဲ့သို့ဆောင်ရွက်ထားကြောင်း၊ ယင်းမူဝါဒနှင့် စီမံချက်ကို အကောင်အထည်ဖော်ရာတွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ မည်မျှုခွဲဝေသုံးစွဲထားကြောင်း၊ အဆိုပါကိစ္စရပ်များကို ကာကွယ်နှိမ်နင်းရေးအတွက် လက်ရှိ ဝန်ထမ်းအင်အားနှင့် စက်ယန္တရားပစ္စည်းကိရိယာများကို မည်ကဲ့သို့ တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦးက ယင်းကဲ့သို့ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦးက “ဒေါက်တာအေးဇံ ဝန်ကြီးချုပ်အဖြစ် ကတိပြုပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်က မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုတွေ ထိထိရောက်ရောက်ဥပဒေနဲ့အညီ အရေးယူမယ်လို့ မိန့်ခွန်းထဲမှာထည့်သွင်း ပြောကြားထားတာရှိတယ်၊ ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ဖွင့်ဟလိုက်တဲ့စကားက ပြည်နယ်အစိုးရ လုပ်ရမယ့် အနာဂတ်အစီအစဉ်ဖြစ်တယ်၊ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းအတိုင်း ဘယ်လိုဆောင်ရွက်နေလဲဆိုတာ သိချင်နေကြတဲ့ ပြည်သူလူထုတွေရှိနေတဲ့အတွက် မေးရခြင်း ဖြစ်တယ်” ဟု ဆိုသည်။

သို့ရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း မူဝါဒကို တိတိကျကျရေးဆွဲထားခြင်း မရှိကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဘတ်ဂျက်ကို ပြည်နယ်ဘဏ္ဍာရန်ပုံငွေထဲမှ သီးခြားသတ်မှတ်ထားခြင်း မရှိကြောင်း၊ တားဆီးနှိမ်နင်းရေးအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများမရှိကြောင်းနှင့်  ဆေးစွဲနေသူများ ဆေးဖြတ်ရာတွင်လည်း ဆရာဝန် လုံလုံလောက်လောက်မရှိကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရသည်။

မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...