ငြိမ်းချမ်ရေး အတွက် ကတ်သလစ် ဘာသာဝင်များ မြစ်ကြီးနား တွင် စီတန်း ဆန္ဒပြ

ငြိမ်းချမ်ရေး အတွက် ကတ်သလစ် ဘာသာဝင်များ မြစ်ကြီးနား တွင် စီတန်း ဆန္ဒပြ

မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းမှု ရရှိလာစေရန် ရည်ရွယ်ပြီး မြစ်ကြီးနား ကတ်သလစ် ဘာသာဝင်များ၏ ဆုတောင်း ပုတီးစိတ် စီတန်းလှည့်လည် လမ်းလျှောက်သည့် အစီစဉ်ကို ယမန်နေ့ (မေလ ၂၈ ရက်နေ့) မနက်တွင် ပြုလုပ်ခဲ့ပါသည်။ 

အစီစဉ်တွင် ကတ်သလစ်ဘာသာဝင်များက မယ်တော်ထမ်းစင် နှင့် အတူ လမ်းလျှောက် ဆုတောင်းခဲ့ပြီး မြစ်ကြီးနား ဘုန်းတော်ကြီးတစ်ပိုင်၊ စီတာပူ ဘုန်းတော်ကြီး တစ်ပိုင််တို့နှင့်အတူ ကတ်သလစ် ဘာသာဝင် ၅၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

“မယ်တော် သခင်မအားဖြင့် သူ ့ရဲ့ သားတော် သခင်ခရစ်တော််၌ တောင်းလျှောက်သောစိတ် ဖြင့် ပုတီးစိတ်တယ်။ အမိမြန်မာနိုင်ငံတော်ကြီး နှင့်တကွ ကချင်ပြည်နယ် အမြန်ဆုံးစစ်မှန်သော ငြိမ်းချမ်းမူရရှိ လာနိုင်ရန် ပြုလုပ်သည်” ဟု ဆရာ Paul Tu Raw က ပြောပါသည်။

နိုင်ငံတော်ကို အုပ်ချုပ်နေကြသော သက်ဆိုင်ရာ လူကြီးမင်းများမှလည်း စစ်မှန်သည့် ငြိမ်းချမ်းရေး ကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရန် မျှောင်လင့်ကြောင်း သူကဆက်ပြောသည်။

ယင်း စီတန်း လှည့်လည်လမ်းလျှောက် ဆုတောင်းရာတွင် ကတ်သလစ် ဘာသာဝင် သာမက အခြားသော ဘာသာဝင်များလည်း ပါဝင်ခဲ့သည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...