ငြိမ်းချမ်ရေး အတွက် ကတ်သလစ် ဘာသာဝင်များ မြစ်ကြီးနား တွင် စီတန်း ဆန္ဒပြ

ငြိမ်းချမ်ရေး အတွက် ကတ်သလစ် ဘာသာဝင်များ မြစ်ကြီးနား တွင် စီတန်း ဆန္ဒပြ

မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းမှု ရရှိလာစေရန် ရည်ရွယ်ပြီး မြစ်ကြီးနား ကတ်သလစ် ဘာသာဝင်များ၏ ဆုတောင်း ပုတီးစိတ် စီတန်းလှည့်လည် လမ်းလျှောက်သည့် အစီစဉ်ကို ယမန်နေ့ (မေလ ၂၈ ရက်နေ့) မနက်တွင် ပြုလုပ်ခဲ့ပါသည်။ 

အစီစဉ်တွင် ကတ်သလစ်ဘာသာဝင်များက မယ်တော်ထမ်းစင် နှင့် အတူ လမ်းလျှောက် ဆုတောင်းခဲ့ပြီး မြစ်ကြီးနား ဘုန်းတော်ကြီးတစ်ပိုင်၊ စီတာပူ ဘုန်းတော်ကြီး တစ်ပိုင််တို့နှင့်အတူ ကတ်သလစ် ဘာသာဝင် ၅၀၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

“မယ်တော် သခင်မအားဖြင့် သူ ့ရဲ့ သားတော် သခင်ခရစ်တော််၌ တောင်းလျှောက်သောစိတ် ဖြင့် ပုတီးစိတ်တယ်။ အမိမြန်မာနိုင်ငံတော်ကြီး နှင့်တကွ ကချင်ပြည်နယ် အမြန်ဆုံးစစ်မှန်သော ငြိမ်းချမ်းမူရရှိ လာနိုင်ရန် ပြုလုပ်သည်” ဟု ဆရာ Paul Tu Raw က ပြောပါသည်။

နိုင်ငံတော်ကို အုပ်ချုပ်နေကြသော သက်ဆိုင်ရာ လူကြီးမင်းများမှလည်း စစ်မှန်သည့် ငြိမ်းချမ်းရေး ကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်ရန် မျှောင်လင့်ကြောင်း သူကဆက်ပြောသည်။

ယင်း စီတန်း လှည့်လည်လမ်းလျှောက် ဆုတောင်းရာတွင် ကတ်သလစ် ဘာသာဝင် သာမက အခြားသော ဘာသာဝင်များလည်း ပါဝင်ခဲ့သည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...