သံဖြူဇရပ်မြို့ မိန်ဗလာတောင်တွင် ကုမ္ပဏီတစ်ခုအား ကနဦးစူးစမ်းလေ့လာခွင့်ပြုထား

သံဖြူဇရပ်မြို့ မိန်ဗလာတောင်တွင် ကုမ္ပဏီတစ်ခုအား ကနဦးစူးစမ်းလေ့လာခွင့်ပြုထား
မိန်ဗလာတောင်ကို သတင်းထောက်တစ်ဦး သွားရောက်လေ့လာစဉ်(photo/Facebook)
မိန်ဗလာတောင်ကို သတင်းထောက်တစ်ဦး သွားရောက်လေ့လာစဉ်(photo/Facebook)

မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့အနီးရှိ မိန်ဗလာတောင်၌ ဂျပန်ခေတ်စစ်ကျန်ပစ္စည်းများ တူးဖော်ရန် ပြည်နယ်အစိုးရမှ ရန်ကုန်အခြေစိုက် Royal Eagle Development Group Co,Ltd အား ကနဦးစူးစမ်းလေ့လာခွင့်ပြုထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“မိန်ဗလာတောင်နဲ့ပတ်သက်လို့ အစိုးရဖွဲ့ကနေပြီးမှ ဒီတောင်မှာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ကျန် ပစ္စည်းတွေရှိတယ်ဆိုပြီးတော့ ပြန်လည်တူးဖော်ခွင့်ပြုပါရန် ကနဦးစူးစမ်းလေ့လာခွင့်ပြုပါလို့ တင်ပြလာတဲ့အတွက် ပြည်နယ်အစိုးရအနေနဲ့ ခွင့်ပြုလိုက်တယ်” ဟု သူက ပြောသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့မြှပ်နှံထားခဲ့သော ဂျပန်စစ်ကျန်ပစ္စည်းများအား ပျက်စီးမှုမှကာကွယ်ရန်၊ တရားမဝင်တူးဖော်သူများအား တားဆီးနိုင်ရန်နှင့် နိုင်ငံတော်ဘဏ္ဍာမဆုံးရှုံးစေရန် ရည်ရွယ်၍ အကျိုးတူပူးပေါင်းလုပ်ကိုင်ခွင့်ပါရန် ကုမ္ပဏီမှ တင်ပြလာသည့်အပေါ် ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ခွင့်ပြုခဲ့သော်လည်း စီမံကိန်းကြီးတစ်ခုလုံးကို လုပ်ပိုင်ခွင့်ပေးထားခြင်း မဟုတ်ကြောင်း ဦးမြင့်သန်းဝင်းက ဆိုသည်၊

“ကနဦးစူးစမ်းလေ့လာဆိုတာ ဒေတာအချက်အလက်ကောက်ရမယ် ဖြစ်နိုင်စွမ်းရှိ မရှိစစ်ဆေးရမယ်၊ ဒီအချက်ပေါ် မူတည်ပြီးတော့ ဆက်တူးမယ်၊ မတူးဘူးဆိုတာ ပြည်ထောင်စုက ဆုံးဖြတ်ချက်ချမယ်၊ ဒါကတော့ စီမံကိန်းကြီးတစ်ခုလုံးကို လုပ်ဖို့ခွင့်ပြုလိုက်တာမဟုတ်ဘူး၊ လေ့လာစမ်းသပ်ခွင့် ပြုတဲ့အဆင့်ပဲရှိတယ်” သူက ဆက်ပြောသည်။

အလားတူ ရန်ကုန်အခြေစိုက် Golden Geo Myanmar Co.,LTD  မှ ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် မိန်ဗလာတောင်ကိုတူးဖော်ခဲ့ရာ၌ ခွင့်ပြုချက်မရှိသည့်အတွက် ရပ်ဆိုင်းခြင်းခံရကြောင်း သိရသည်။

 Golden Geo Myan mar Co.,LTD ဒါရိုက်တာ ဦးဝင်းသိန်းက “ကျွန်တော်သိရလောက်တော့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ကနဦးစူးစမ်းလေ့လာခွင့်ပေးထားတယ်၊ ကျွန်တော်တို့က ဒီလုပ်ငန်းကို ဆက်တူးဖော်ခွင့်ရဖို့အတွက် သမ္မတဆီမှာ စာတင်ထားတယ်” ဟု  ပြောသည်။

အဆိုပါနေရာကို ပြန်လည်တူးဖော်ခွင့်ရရှိရန်အတွက် နိုင်ငံတော်သမ္မတနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ခွင့်ပြုမိန့်တောင်းခံထားဆဲဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ဒုတိယကမ္ဘာစစ်အတွင်း ထိုင်း-မြန်မာ သေမင်းတမန်မီးရထားလမ်းဖောက်လုပ်ခဲ့စဉ်က သံဖြူဇရပ်မြို့ရှိ မိန်ဗလာတောင်သည် ဂျပန်တို့အခြေစိုက်ရာ အဓိကစစ်စခန်းဖြစ်သည့်အတွက် ဂျပန်ခေတ်စစ်ကျန်ပစ္စည်းများနှင့် ရတနာသိုက်များရှိနိုင်သည်ဟု ဒေသခံများ ယူဆနေကြသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...