ရန်ကုန်မြို ့တာမွေဂုံးတံတားတွင် မေလ ၁၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲတွင် ပါဝင်သူမျာကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှင်းလင်းရာတွင် အရပ်ဝတ်များကို အသုံးပြု
ခြင်းမရှိကြောင်း မြန်မာနိုင်ငံ ရဲတက်ဖွဲ့ချုပ် ရဲချုပ်အောင်ဝင်းဦးက ပြောကြားခဲ့သည်။
မေလ ၁၅ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြု လုပ်သည့် အစိုးရသက်တမ်း ၂ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းသည့် ပွဲတွင် ရဲချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။
တာမွေကိစ္စမှာ အရပ်သားတွေ အသုံးပြုခွင့်၊ အသုံးပြု မှုမရှိဘူးလိုပဲ ကျွန်တော်ဖြေကြားပါရစေ ဒီအရပ်ဝတ် တဲ့သူတွေကို ကျွန်တော်တို့ဘယ်သူတွေလဲ ဆိုတာကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်ဟု ရဲချုပ် အောင်ဝင်းဦးက ဆိုသည်။
ရဲချုပ်က အရပ်ဝတ်တွေကို အသုံးပြု ၍ ဆန္ဒထုတ်ဖော်သူများကို ရှင်းလင်းရာတွင် အသုံးပြု ခြင်းမရှိဟု ပြောကြားခဲ့သော်လည်း ငြိမ်းချမ်းရေးလူထု ဆန္ဒပြပွဲ တွင် ပါဝင်သူများကို အရပ်ဝတ်များက ဝင်ရောက် ဖမ်းဆီးခြင်း၊ ကိုယ်ထိလက်ရောက့ ပြု လုပ်ခြင်းသာမက သတင်းမီဒီယာများကိုလည်း ခြိမ်းခြောက်မှုများ ရှိခဲ့သည်။
ရဲတွေရှေ့မှာပဲ ဆန္ဒပြသူတွေကို ဆဲဆိုခြိမ်းခြောက်ပြီး ထိုးကြိတ်တယ်။ ဆန္ဒပြသူတွေကို ဖမ်းတော့လည်း ရဲတွေနဲ့အတူပဲလေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုရုပ်သံတွေပါ ရှိနေတာဗျာ ဘာလို့မသုံဘူးလို့ပြောရမှာလဲ၊ သူပြောတဲ့ အတိုင်းအရပ်တွေကို မသုံးဘူးဆို အဲ့ဒီနေ့က အရပ်ဝတ်တွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူရမှာပါ။ ဆဲဆိုထိုးကြိတ်တာကို ခွင့်ပြု တဲ့ ရဲအရာရှိတွင်ကလည်း အရေးယူရမယ် ဟု မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီမှ ကိုသာလွန်ဇောင်းထက်က ဆိုသည်။







