တာ​မွေ ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ရှင်​းလင်​းရာတွင်​ အရပ်​ဝတ်​များကို အသုံးပြု ခြင်​းမရှိဟု ရဲချုပ်​ဆို

တာ​မွေ ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ရှင်​းလင်​းရာတွင်​ အရပ်​ဝတ်​များကို အသုံးပြု ခြင်​းမရှိဟု ရဲချုပ်​ဆို

ရန်​ကုန်​မြို ့တာ​မွေဂုံးတံတားတွင်​ ​မေလ ၁၂ ရက်​​နေ့ ည​နေပိုင်​းက ဖြစ်​ပွားခဲ့သည်​့ ငြိမ်​းချမ်​း​ရေး လူထုလှုပ်​ရှားမှု ဆန္ဒပြပွဲတွင်​ ပါဝင်​သူမျာကို ရဲတပ်​ဖွဲ့က ဝင်​​ရောက်​ရှင်​းလင်​းရာတွင်​ အရပ်​ဝတ်​များကို အသုံးပြု 
ခြင်​းမရှိ​ကြောင်​း မြန်​မာနိုင်​ငံ ရဲတက်​ဖွဲ့ချုပ်​ ရဲချုပ်​​အောင်​ဝင်​းဦးက ​ပြောကြားခဲ့သည်​။

မေလ ၁၅ ရက်​က ​နေပြည်​​တော်​ရှိ ပြန်​ကြား​ရေး ဝန်​ကြီးဌာနတွင်​ ပြု လုပ်​သည်​့ အစိုးရသက်​တမ်​း ၂ နှစ်​ပြည်​့ လုပ်​ငန်​း​ဆောင်​ရွက်​ချက်​များကို ရှင်​းလင်​းသည်​့ ပွဲတွင်​ ရဲချုပ်​က အထက်​​​ပါအတိုင်​း ​ပြောကြားခဲ့သည်​။

တာ​မွေကိစ္စမှာ အရပ်​သား​တွေ အသုံးပြုခွင်​့၊ အသုံးပြု မှုမရှိဘူးလိုပဲ ကျွန်​​တော်​​ဖြေကြားပါရ​စေ ဒီအရပ်​ဝတ်​ တဲ့သူ​တွေကို ကျွန်​​တော်​တို့ဘယ်​သူ​တွေလဲ ဆိုတာကို ဥပ​ဒေနဲ့အညီ ​ဆောင်​ရွက်​သွားမယ်​ဟု ရဲချုပ်​ ​အောင်​ဝင်​းဦးက ဆိုသည်​။

ရဲချုပ်​က အရပ်ဝတ်​​တွေကို အသုံးပြု ၍ ဆန္ဒထုတ်​​ဖော်​သူများကို ရှင်​းလင်​းရာတွင်​ အသုံးပြု ခြင်​းမရှိဟု ​ပြောကြားခဲ့​သော်​လည်​း ငြိမ်​းချမ်​း​ရေးလူထု ဆန္ဒပြပွဲ တွင်​ ပါဝင်​သူများကို အရပ်​ဝတ်​များက ဝင်​​ရောက်​ ဖမ်​းဆီးခြင်​း၊ ကိုယ်​ထိလက်​​ရောက့ ပြု လုပ်​ခြင်​းသာမက သတင်​းမီဒီယာများကိုလည်​း ခြိမ်​း​ခြောက်​မှုများ ရှိခဲ့သည်​။

ရဲ​တွေ​ရှေ့မှာပဲ ဆန္ဒပြသူ​တွေကို ဆဲဆိုခြိမ်​း​ခြောက်​ပြီး ထိုးကြိတ်​တယ်​။ ဆန္ဒပြသူ​တွေကို ဖမ်​း​တော့လည်​း ရဲ​တွေနဲ့အတူပဲ​လေ၊ ဓာတ်​ပုံ​တွေ၊ ဗီဒီယိုရုပ်​သံ​တွေပါ ရှိ​နေတာဗျာ ဘာလို့မသုံဘူးလို့​ပြောရမှာလဲ၊ သူ​ပြောတဲ့ အတိုင်​းအရပ်​​တွေကို မသုံးဘူးဆို အဲ့ဒီ​နေ့က အရပ်​ဝတ်​​တွေကို စုံစမ်​း​ဖော်​ထုတ်​ပြီး အ​ရေးယူရမှာပါ။ ဆဲဆိုထိုးကြိတ်​တာကို ခွင်​့ပြု တဲ့ ရဲအရာရှိတွင်​ကလည်​း အ​ရေးယူရမယ်​ ဟု မြန်​မာသတင်​းသမားများ ကာကွယ်​​ရေး​ကော်​မတီမှ ကိုသာလွန်​​ဇောင်​းထက်​က ဆိုသည်​။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...