ယခုလကုန်ပိုင်းတွင် မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်ရန် ကြိုးပမ်းမည်ဟုဆို

ယခုလကုန်ပိုင်းတွင် မွန်အမျိုးသားကိုယ်စားပြုပါတီ မှတ်ပုံတင်ရန် ကြိုးပမ်းမည်ဟုဆို
ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ သဘာပတိများ(photo: MNA)
ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ သဘာပတိများ(photo: MNA)

မွန်အမျိုးသားကိုယ်စားပြုပါတီကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယခုလကုန်ပိုင်းတွင် တရားဝင်မှတ်ပုံတင်ရန်ကြိုးပမ်းမည်ဟု ပါတီတည်ထောင်ရေးကော်မတီ (၂၁) ဦးအဖွဲ့ခေါင်းဆောင် နိုင်တလညီကမွန်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်တလညီက “ညီလာခံကနေဆုံးဖြတ်ထားတဲ့ပါတီတည်ထောင်ရေးကော်မတီ (၂၁) ဦးကိုလည်း ဖွဲ့ပြီးပြီ၊ ကော်မတီရဲ့ အစည်းအဝေးကတော့ဒီရက်အတောအတွင်းမှာလုပ်မယ်၊ ကျွန်တော့်အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် မေလကုန်လောက် တင်နိုင်ဖို့ ကြိုးစားသွားမယ်”ဟု ပြောသည်။

ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ်မွန်နိုင်ငံရေးညီလာခံကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်အမျိုးသားပါတီMNP အသိအမှတ်မပြုသောကြောင့် လက်ရှိတွင် မွန်တစ်ပါတီဖြစ်မြောက်ရေး ကြိုးပမ်းရာတွင် အခက်ခဲရှိနေကြောင်း၊AMDP နှင့် MNP အနေဖြင့် တွေ့ဆုံရန် ညှိနှိုင်းလာပါက မွန်အမျိုးသားကိုယ်စားပြုပါတီနှင့်နိုင်ငံရေးအကြံပေး ဦးဆောင်ကော်မတီတို့ ပူးပေါင်းပြီး ဆွေးနွေးသွားဖြစ်ကြောင်း၄င်းက ဆက်ပြောသည်။

သို့ရာတွင် မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “MNP,AMDP နှစ်ပါတီပေါင်းပြီးရင် ဘယ်အင်အားစုကိုမှ ကျနော်တို့ချန်မထားဘူးလို့ ပြောခဲ့တာပဲ၊ ဖြစ်သင့်တာက နှစ်ပါတီပေါင်းပြီးမှ သူတို့(၂၁ ဦး) အင်အားစုနဲ့ပေါင်းစည်းသွားမယ်၊ ဒါပေမယ့်လက်ရှိနှစ်ပါတီပေါင်းစည်းရေးကိုမစောင့်တော့ဘဲ သူတို့မှာရည်ရွယ်ချက်ရှိပြီးသားပဲလားတော့မသိဘူး အခုပါတီဖွဲ့မယ်ဆိုတော့ အခက်အခဲတွေပိုများလာမယ်၊ လက်ရှိအခြေအနေအတိုင်း ခဏစောင့်ဆိုင်းလိုက်ရင် ပိုပြီးအဆင်ချောလိမ့်မယ်လို့ ပြောချင်တယ်” ဟုမွန်သတင်းအေဂျင်စီသို့ ပြောသည်။

ထို့အပြင် မည်သူမဆို ပါတီတည်ထောင်လိုသည့်အပေါ် မှတ်ချက်ပေးစရာမလိုကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် လူတိုင်းအခွင့်အရေးရှိပါကြောင်း၊ သို့ရာတွင် ညီညွတ်ရေးကို ဦးတည်တောင်းဆိုနေသည့်လက်ရှိအခြေအနေအောက်တွင် ပါတီသစ်ဖွဲ့ရေး ဖြစ်သင့်မသင့်ဆိုသည်ကို ပြည်သူလူထုကသာ အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

တဖက်တွင်လည်း MNP နှင့် AMDP နှစ်ပါတီပေါင်းစည်းရေးအတွက် မွန်ပြည်သစ်ပါတီ NMSP ကြိုးပမ်းလျက်ရှိပြီး ယခုနှစ်အကုန်တွင် မပေါင်းစည်းဖြစ်ပါက သဘောထားပြောင်းလဲ၍ ချန်ထားသင့်ပါက ချန်ထားရမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာက အသိပေးပြောကြားထားပြီး ဖြစ်သည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...