တရားဥပဒေစိုးမိုးရေးအတွက် မော်လမြိုင်မြို့တွင် ဆန္ဒပြ

တရားဥပဒေစိုးမိုးရေးအတွက် မော်လမြိုင်မြို့တွင် ဆန္ဒပြ

တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ပြည်သူများအပေါ် မတရားပြုလုပ်ခြင်းများအား တိုင်ကြားထားမှုများကို အစိုးရမှအမြန်ဆုံးဖြေးရှင်းပေးရန် မော်လမြိုင်မြို့တွင် မေလ ၁၅ ရက်နေ့က ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ ဆန္ဒပြပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

ယင်းဆန္ဒပြပွဲကို မော်လမြိုင်မြို့၊သံလွင်ပန်းခြံမှ စတင်၍ လမ်းလျှောက်ကာ စစ်ကဲကုန်းရပ်ကွက် ညစျေးအထိ နံနက် (၈) နာရီမှနေ့လည် (၁၂) နာရီအထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း တွေ့ရှိရသည်။

“လတ်တလောတရားဥပဒေစိုးမိုးရေတွေရပ်ရွာအေးချမ်းသာယာရေးတွေကို ရရှိဖို့နှင့် ပြည်သူတွေမတရားပြုလုပ်ခြင်းများကြုံတွေ့နေရတာကိုကျွန်တော်တို့က ဦးဆောင်ပြီးတော့ တိုင်ကြားပေးခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိ၍ဆန္ဒထုတ်ရတာပါ”ဟု ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဦးထွန်းအေးက ပြောသည်။

ယင်းသို့ ဆန္ဒပြရာတွင်တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ရေးမြို့နယ်ပင်လယ်ငါးဖမ်းလုပ်သားများ ဘဝလုံခြုံစေရန် ကြပ်မတ်ဆောင်ရွက်ပေးရေး၊ ရေးမြို့နယ်ပင်လယ်ငါးဖမ်းလုပ်ငန်းမှ လူကုန်ကူးလူပွဲစားအား ဖမ်းဆီးရေးနှင့် သထုံမြို့နယ်မရမ်းကုန်းကျေးရွာအိုးမဲ့အိမ်မဲ့များ အရေးတင်ပြမှုကို အလေးထား ဆောင်ရွက်ပေးရေးစသည့် ကြွေးကြော်သံ (၁၃) ချက်ဖြင့် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

ရေးမြို့နယ်ပင်လယ်ငါးဖမ်းလုပ်သားများ အသတ်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် ပြည်တွင်းလူကုန်ကူးမှုများကိုအရေးယူပေးရန် အကြိမ်ကြိမ်တင်ပြင်ခဲ့သော်လည်း အစိုးရက လုပ်ဆောင်ပေးခြင်း မရှိသည့်အတွက်

ဆန္ဒပြရခြင်းဖြစ်ကြောင်း ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ အတွင်းရေးမှူးဒေါ်စန်းစန်းတင်က ပြောသည်။

“အဓိက ဘာကြောင့်လုပ်ရလဲဆိုတော့ ကျွန်မတို့တင်ပြထားတဲ့အချက်အလက်တွေနဲ့ပတ်သက်၍ တင်ပြမှုက အကြိမ်ဖန်များစွာဖြစ်နေတယ်၊ အကြိမ်ဖန်များစွာဖြစ်ပေမယ့် သက်ဆိုင်ရာဌာနက ဘာမှ မဆောင်ရွက်ခဲ့ဘူး” ဟု သူက ပြောသည်။

လှည်​့လည်​ဆန္ဒပြပွဲတွင်​ လူဦး​ရေ ၁၀၀ ​ကျော်​လျာထား​သော်​လည်​း တစ်​ချို့ပါတီဝင်​များက အ​ခြေအ​နေအ​ကြောင်​း​​ကြောင်​း​ကြောင်​့ လူဦး​ရေ ၁၀ ဦး​ကျော်​သာ လာ​ရောက်ပူးပေါင်း​နိုင်​ခဲ့​ကြောင်​း ၄င်းက ဆက်​​ပြောသည်​။ 

ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီ၏ အလားတူ ဆန္ဒပြပွဲကို မေလ ၁၄ ရက်နေ့က ကျိုက်ထိုမြို့တွင်ပြုလုပ်ခဲ့ပြီး မေလ ၁၆ ရက်နေ့တွင် ရေးမြို့နယ်၌ ဆက်လက်ဆန္ဒပြသွားမည်ဟု ဆိုသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...