မွန်နိုင်ငံရေးညီလာခံက မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေးကော်မတီ (၂၁) ဦးနှင့် အကြံပေး ၂၇ ဦးဖွဲ့စည်း

မွန်နိုင်ငံရေးညီလာခံက မွန်ကိုယ်စားပြုပါတီဖြစ်မြောက်ရေးကော်မတီ (၂၁) ဦးနှင့် အကြံပေး ၂၇ ဦးဖွဲ့စည်း
ဒုတိယအကြိမ် မွန်နို်င်ငံရေးညီလာခံ(photo: MNA)
ဒုတိယအကြိမ် မွန်နို်င်ငံရေးညီလာခံ(photo: MNA)

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံနောက်ဆုံးနေ့တွင် မွန်အမျိုးသားကိုယ်စားပြုပါတီ ဖြစ်မြောက်ရေးကော်မတီ (၂၁) ဦးနှင့် နိုင်ငံရေးအကြံပေးကော်မတီ ၂၇ ဦးကို ဖွဲ့စည်းခဲ့ကြောင်း ဒု-ခေါင်းဆောင် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ 

အဆိုပါ (၂၁) ဦးကော်မတီတွင် ခေါင်းဆောင် နိုင်တလညီ၊ ဒု-ခေါင်းဆောင် ဒေါက်တာအောင်နိုင်ဦး အဖွဲ့ဝင်များတွင် ဒေါက်တာမင်းစိုးလင်း၊ နိုင်ရဲဇော်၊ နိုင်မွန်ရာဇာ၊ မိစု၊ မိစန္ဒာနွန်၊ မိကျဲလိုင် အပါအဝင် စုစုပေါင်း (၂၁) ဦး ပါဝင်သည်ဟု ၄င်းက ဆိုသည်။

“တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်ဖို့အတွက် ပါတီမှတ်ပုံတင်ဖို့နဲ့ ညီလာခံကနေအတည်ပြုထားတဲ့ ပါတီစည်းမျဉ်းဥပဒေတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုတင်ရမယ်”ဟု သူက ပြောသည်။ 

သို့ရာတွင် ကော်မတီ (၂၇) ဦးအကြံပေးအဖွဲ့၏ကြီးကြပ်မှုဖြင့် (၂၁)  ဦးကော်မတီက သင့်တော်မည့်အချိန်တွင် မွန်ကိုယ်စားပြုပါတီ တရားဝင်မှတ်ပုံတင်၍ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ညီလာခံမှတ်တမ်းတင်သူ မင်းဉာဏ်စိုက်ရာမာဉ်က ဆိုသည်။

“မွန်တစ်ပါတီဖြစ်ပေါ်လာဖို့အတွက် မွန် ၂ ပါတီ(MNP-AMDP) နဲ့ ၂၁ ဦးဖော်ဆောင်ရေးကော်မတီ ဆွေးနွေးတဲ့အခါမှာလည်း ၂၇ ဦးအကြံပေးကော်မတီက အလယ်ဒိုင်တစ်ခုလို ရပ်တည်ပေးသွားဖို့ ဆုံးဖြတ်ထားတယ်” ဟု မင်းဉာဏ်စိုက်ရာမာဉ်က ပြောသည်။

၄င်းက ညီလာခံမှ အချက်(၆) ချက်ဆုံးဖြတ်ထားသော်လည်း အရေးကြီးသည့်အချက်များမှာ မွန်ကိုယ်စားပြုပါတီ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေမူကြမ်း အတည်ပြုခြင်း၊  မွန်အမျိုးသားကိုယ်စားပြုပါတီဖြစ်မြောက်ရေး ၂၁ ဦးကော်မတီ အတည်ပြုခြင်း၊ နိုင်ငံရေးအကြံပေး ကော်မတီ ၂၇ ဦးအား အတည်ပြုခြင်း၊ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးရာတွင် အကြံပေးကော်မတီ၂၇ ဦးကြီးကြပ်မှုဖြင့် ၂၁ ဦးကော်မတီမှ မွန်အမျိုးသားပါတီတစ်ရပ်ပေါ်ထွန်းရေး ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါညီလာခံ နောက်ဆုံးနေ့တွင် အထင်ကရမွန်ဆရာတော်များ၊ မွန်နိုင်ငံရေးအစုအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ အနုပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ မွန်အမျိုးသမီးများနှင့် ဖိတ်ကြားသင့်သူများ စုစုပေါင်း (၆၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း တွေ့ရှိရသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...