ရွာပေါင်း ၂၀ အတွက် အကျိုးပြုမည့် ကုန်ထုတ်တံတား တည်ဆောက်ပေးရန် လိုလား

ရွာပေါင်း ၂၀ အတွက် အကျိုးပြုမည့် ကုန်ထုတ်တံတား တည်ဆောက်ပေးရန် လိုလား
by -
စိုးရယ်
ကုန်ထုတ်တံတားတည်ဆောက်ရန် လူထုများအဆိုပြုထားသောနေရာ (ဓါတ်ပုံ – စိုးရယ်)
ကုန်ထုတ်တံတားတည်ဆောက်ရန် လူထုများအဆိုပြုထားသောနေရာ (ဓါတ်ပုံ – စိုးရယ်)

ကျေးရွာပေါင်း ၂၀ နီးပါးရှိ တောင်သူများအတွက် အသုံးဝင်မည့် လယ်ယာကုန်ထုတ်တံတားတစ်စင်းကို ဒေါဘူးကူးကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာအနီးရှိ ရေငုတ်တွင် ဆောက်လုပ်ပေးရန် ဒေသခံများ လိုလားနေသည်။

အိုကေအုပ်စု၊ ဆောင်ဒူအုပ်စု၊ ဒေါဘူးကူးအုပ်စုရှိ ဒေသခံများ၏ လယ်ကွက်မှ ဖြတ်သန်းဆောက်လုပ်ရမည့် ယင်းကုန်ထုတ်တံတားသည် သီးနှံများသယ်ယူရန်နှင့် လယ်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် များစွာအထောက်အကူဖြစ်လာမည်ဟု ဒေါသဲကျေးရွာနေ ဦးဒိရီက ပြောသည်။

“လာမလုပ်ပေးသေးသ၍တော့ ကျနော်တို့ ဆက်ပြီး တင်ပြသွားအုန်းမှာ”ဟု ၎င်းက ပြောသည်။

ယခင်နှစ်များက လယ်ယာထွက်ကုန်များ သယ်ယူရလွယ်ကူအောင် နီးစပ်ရာ တောင်သူအချို့မှ အချင်းချင်းချိတ်ဆက်ကာ ပိုက်လုံးများဖြင့် ယာယီတံတားထိုးပြီး အသုံးပြုခဲ့သည်။

ယင်းယာယီတံတားသည် အချိန်ကာလ နည်းငယ်သာ ခိုင်ခံသဖြင့် ရေရှည်အဆင်မပြေကြောင်း ဆိုသည်။

ကုန်ထုတ်တံတား ဆောက်လုပ်ပေးရန် ဆည်မြောင်းဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုခဲ့သော်လည်း တုန့်ပြန်မှုမရှိခဲ့ဟု ဒေသခံများက ဆိုသည်။

ယခုနှစ်အတွက် လယ်ယာလုပ်ငန်းစတင်တော့မည်ဖြစ်ရာ အချိန်မီ ဆောက်လုပ်ပေးပါက တောင်သူတွေအတွက် ငွေယိုပေါက်များကို လျော့ကျလိမ့်မည်ဟု ဦးညေးရယ်က ပြောသည်။

“တံတားလုပ်သင့်တာ ကြာပြီ။”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရိတ်သိမ်းပြီး စပါးများကို ချောင်းရိုးတလျောက် မိုးကာဖြင့် သယ်ယူကြသည်။ အချို့မှာမူ လူလုပ်အားဖြင့် ထမ်းပြီး သယ်ယူနေရသည်။



 

ဓာတ်ပုံ - Crd
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
September 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆို (အရှေ့ဘက်) မြို့နယ်ရှိ နေရာတစ်ခုတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်...
ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...