ရက္ခိတသင်္ကြန်ပွဲတော်ထိုင်းနိုင်ငံတွင် ကျင်းပမည်

ရက္ခိတသင်္ကြန်ပွဲတော်ထိုင်းနိုင်ငံတွင် ကျင်းပမည်

၂၀၁၈ ရက္ခိတသင်္ကြန်ပွဲတော်ဟု အမည်ပေးထားသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံ ဧပြီ ၁၃ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ဘန်ကောက်မြို့ ဖက္ကဆံ (၆၉) လမ်းတွင် ဧပြီ ၁၃ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ကျင်းပ ပြုလုပ်သွားဖြစ်ကြောင်း သိရသည်။

သင်္ကြန်ပွဲတော် အတွင်း နှစ်သစ်ကူးတရားနာခြင်း၊ ရခိုင်ရိုးရာ နံ့သာသွေး ဘုရားရေသပ္ပါယ်ခြင်း၊ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖြေဖျော်ခြင်း၊ ရေလောင်းမဏ္ဍပ်တွင် ရေကစားခြင်း၊ ရခိုင် အဆိုတော်များ ဖြစ်ကြသော ဒိုးအ်ရီ၊ ဝတီစိုးမိုးနှင့် ဝင်းနန္ဒာခိုင်တို့မှ ရခိုင်သီချင်းများဖြင့် မြူးမြူးကြွကြွ သီဆိုဖြေဖျော်ခြင်း စသည့် အစီအစဉ်များကိုလည်း ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီအဖွဲ့ဝင် ကိုဘိုဘိုက ပြောကြားသည်။

“ သင်္ကြန် မဏ္ဍပ်က သုံးခု ပါဝင်ပါတယ်။ ရခိုင်အဆိုတော် သုံးဦးလည်း လာရောက် ဖြေဖျော်ကြမယ်ဆိုတော့ လူပေါင်း တစ်ထောင်ကျော်ကနေ နှစ်ထောင်ကျော်ထိ ပါဝင်ဆင်နွှဲကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု သူက ပြောဆိုသည်။

ထိုင်းနိုင်ငံ၊ စမူဆာခွန်ခရိုင်၊ အုံးနွဲ့-အုံးယိုင်၊ ဘန်ဘော်စံ+ စီရောက် ရခိုင်မိသားစုများမှ ကြီးမှူးပြီး ၎င်းသင်္ကြန်ပွဲတော်အား ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...