မိုင်းဖြတ်မြို့က အသက် ရ၀ ကျော်ဖွားအိုတဦးအား တပ်မတော်သားတဦးမှ အဓမ္မပြုကျင့်ပြီး နားရွက်ဖြတ်ကာ ရွှေနားကပ်လုယူသွား

မိုင်းဖြတ်မြို့က အသက် ရ၀ ကျော်ဖွားအိုတဦးအား တပ်မတော်သားတဦးမှ အဓမ္မပြုကျင့်ပြီး နားရွက်ဖြတ်ကာ ရွှေနားကပ်လုယူသွား

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်တွင် အသက် ရ၀ ကျော်အရွယ် အမျိုးသမီးတဦးအား တပ်မတော်သား တဦးက အဓမ္မပြုကျင့်ကာ နားရွက်နှစ်ဘက်ဖြတ်၍ ရွှေနားကပ်လုယူသွားသည့်ဖြစ်စဉ်တခု ဖြစ်ပွါးခဲ့သည်။

ဧပြီလ ၂ ရက်နေ့က မိုင်းဖြတ်မြို့နယ် ၀မ့်ဟွေ့ရွာမှာနေထိုင်သည့် အသက် ရ၀ ကျော်အရွာ အဖွား ပါ့နန်းကောင်အား ဗမာစကားပြော တပ်မတော်သားတဦးက မိုင်းဖြတ်မြို့ ဂေါက်ကွင်းအနီးတွင် အဓမ္မပြုကျင့်ပြီး နားရွက်အားဖြတ်ကာ ရွှေနားကပ်ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မိုင်းဖြတ်မြို့ခံ အမည်မဖေါ်လိုသည့် နိုင်ငံရေးပါတီ မှ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“အဖွားက ခြံသွားပြီး ပြန်လာတာ။ ဂေါက်ကွင်းအရောက်နားမှာ ဓါးပြတိုက်ခံရတာ။ အဲ့ကောင်လေးက အဲဒီနားမှာရှိတဲ့ တပ်စခန်းက တပ်သားတယောက်ဘဲ။ သူ့နာမည် က တပ်သားနေမျိုးသူ။ အခုသူ့ကို မိုင်းဖြတ်အချုပ်ခန်းမှာချုပ်ထားတယ်။ အဖွားကတော့ စစ်ဆေးရုံမှာ ဆေးကုနေတယ်”- ဟု စိုင်းခမ်းက ပြောသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ တာချီလိတ်အွန်လိုင်းသတင်းက – “တပ်သားနေမျိုးသူက ဒေါ်ပါကောင်အား လည်ပင်းညှစ်၍ ဒေါ်ပါကောင်၏ ဘေးလွယ်အိတ်မှ ဓါးဖြင့် ဦးခေါင်းအား ထုရာဒေါ်ပါကောင်မှာ မေ့လဲသွားစဉ် လမ်းဘေးခြုံထဲသို့ ဆွဲယူပစ်ချထားခဲ့ပြီး နားနှစ်ဖက်မှ နားကပ်အား ဓါးဖြင့် လှီးဖြတ်ကာ တစ်ဖက်အား ယူဆောင်သွားကာ တစ်ဖက်ကို အနီးတွင် ပစ်ချထားကြောင်း၊ အမှတ်(၁)တပ်မတော် ဆေးရုံကုတင်(၁၀၀)မှ တပ်သား နေမျိုးသူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၂၆ဖြင့် အမှုဖွင့်ထားကြောင်း ” – ထုတ်ပြန်ထားသည်။

ကျူးလွန်သူတပ်သားနေမျိုးသူအား ဧပြီလ ၃ ရက်နေ့က ထောင်ဒဏ် ၆၆ နှစ်ချမှတ်လိုက်သည်ဟုလည်း သတင်းများထွက်နေပေါ်နေသည်ဟု နိုင်ငံရေးပါတီ အသိုင်းအဝိုင်းများက ပြောသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...