ချင်းပြည်နယ်၌ သင်္ကြန်ပွဲတော်တွင်း ကပြဖျော်ဖြေရန် ယခင်နှစ်များက ဝန်ထမ်းများကို စာဖြင့် အတင်အဓမ္မညွှန်ကြားမှုများရှိခဲ့

ချင်းပြည်နယ်၌ သင်္ကြန်ပွဲတော်တွင်း ကပြဖျော်ဖြေရန် ယခင်နှစ်များက ဝန်ထမ်းများကို စာဖြင့် အတင်အဓမ္မညွှန်ကြားမှုများရှိခဲ့

ချင်းပြည်နယ်အတွင်း သင်္ကြန်ပွဲတော်အတွက် ကပြဖျော်ဖြေဖြေရန် အစိုးရဝန်ထမ်းများအပေါ် ယခင်က စာအမိန့်ဖြင့် ညွှန်ကြားကခိုင်းစေမှုများရှိခဲ့ပြီး ယခုနှစ်အတွက် ယနေ့အထိ အထက်လူကြီးများမှ ညွှန်ကြားမှု မျိုးမကြားရသေးကြောင်း အစိုးရဝန်ထမ်းအချို့မှသိရသည်။

ယခင်သင်္ကြန်အတွင်း အစိုးရဌာနများမှ အကအတွက် ပါဝင်စေခိုင်းခြင်းကြောင့် ကခဲ့ရသူ အမည်မဖော်လိုသူ ဝန်ထမ်း တစ်ဦးက “ အရင်ကဒီအချိန်ဆို သင်္ကြန်ရုံးပိတ်ရက်အတွင်း ပွဲတော်မှာ ကပြဖို့ ဌာနဆိုင်ရာက ညွှန်ကြားချက်နဲ့ကို စာထုတ်တာ။ တစ်ခြားဌာနအချို့တော့ သက်သာတယ်။ လူရှာနိုင်ရင် တော်သေးတယ်။ ဒါပေမယ့် အထွေထွေအုပ်ချုပ်ရေးရုံးကတော့ အဆိုးဆုံးလို့ သိရတယ်” ဟုပြောသည်။

ခရစ်ယာန်အများစုဖြစ်သည့် ချင်းပြည်နယ်တွင် ရုံးပိတ်ရက်ကာလ သင်္ကြန်ပွဲတော် တွင် အစိုးရဝန်ထမ်းများအား ကပြဖျော်ဖြေရာ၌ မိမိဆန္ဒအလျောက် ကပြဖျော်ဖြေခြင်းမဟုတ်ပဲ အမိန့်အာဏာအသုံးပြုကာ အတင်းအဓမ္မ ကပြဖျော်ဖြေခြင်းများဖြစ်ကြောင်း အစိုးရဝန်ထမ်းများမှ ရင်ဖွင့်သဖြင့် ၂၀၁၈ ခုနှစ်မှစ၍ ချင်းပြည်နယ်အတွင်း ကျင်းပမည့် သင်္ကြန်ပွဲတော်များ၌ ဝန်ထမ်းများ၏ ဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မ ကပြဖျော်ဖြေစေခြင်းနှင့် ပါဝင်ဆင်နွှဲစေခြင်းများ မရှိစေရန် ချင်းပြည်နယ် အစိုးရအဖွဲ့မှ ပြန်လည်သုံးသပ်ပေးရန်အတွက် PACE အဖွဲ့နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့တို့ဦးဆောင်မှုဖြင့် လူမှုအဖွဲ့အစည်းအချို့မှ ဧပြီလ (၂) ရက်နေ့က ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ စာတင်ပြခဲ့ကြောင်းသိရသည်။

PACE နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့တို့မှ ချင်းပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်ပြရာတွင် ချင်းပြည်နယ် အစိုးရအနေဖြင့် လူမျိုးဘာသာမခွဲခြားပဲ လူမျိုးဘာသာတိုင်း၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများအား အလေးထားသည်ကို သိရှိကြောင်း၊ မြန်မာနိုင်ငံသည် ILO ၏ မိမိဆန္ဒအလျောက်မဟုတ်ဘဲ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းများ မပြုလုပ်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးထားသည့်အပြင် မြန်မာအစိုးရ သည်လည်း အဓိမ္မအလုပ်စေခိုင်းမှုပပျောက်ရေးအတွက် ILO နှင့် ကတိကဝတ်ပြုထားကြောင်း၊ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၉) တွင် အဓမ္မစေခိုင်းခြင်းကို တားမြစ်ထားကြောင်း ပါရှိသည်ဟု ထည့်သွင်းရေးထားသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...