ချင်းပြည်နယ်၌ သင်္ကြန်ပွဲတော်တွင်း ကပြဖျော်ဖြေရန် ယခင်နှစ်များက ဝန်ထမ်းများကို စာဖြင့် အတင်အဓမ္မညွှန်ကြားမှုများရှိခဲ့

ချင်းပြည်နယ်၌ သင်္ကြန်ပွဲတော်တွင်း ကပြဖျော်ဖြေရန် ယခင်နှစ်များက ဝန်ထမ်းများကို စာဖြင့် အတင်အဓမ္မညွှန်ကြားမှုများရှိခဲ့

ချင်းပြည်နယ်အတွင်း သင်္ကြန်ပွဲတော်အတွက် ကပြဖျော်ဖြေဖြေရန် အစိုးရဝန်ထမ်းများအပေါ် ယခင်က စာအမိန့်ဖြင့် ညွှန်ကြားကခိုင်းစေမှုများရှိခဲ့ပြီး ယခုနှစ်အတွက် ယနေ့အထိ အထက်လူကြီးများမှ ညွှန်ကြားမှု မျိုးမကြားရသေးကြောင်း အစိုးရဝန်ထမ်းအချို့မှသိရသည်။

ယခင်သင်္ကြန်အတွင်း အစိုးရဌာနများမှ အကအတွက် ပါဝင်စေခိုင်းခြင်းကြောင့် ကခဲ့ရသူ အမည်မဖော်လိုသူ ဝန်ထမ်း တစ်ဦးက “ အရင်ကဒီအချိန်ဆို သင်္ကြန်ရုံးပိတ်ရက်အတွင်း ပွဲတော်မှာ ကပြဖို့ ဌာနဆိုင်ရာက ညွှန်ကြားချက်နဲ့ကို စာထုတ်တာ။ တစ်ခြားဌာနအချို့တော့ သက်သာတယ်။ လူရှာနိုင်ရင် တော်သေးတယ်။ ဒါပေမယ့် အထွေထွေအုပ်ချုပ်ရေးရုံးကတော့ အဆိုးဆုံးလို့ သိရတယ်” ဟုပြောသည်။

ခရစ်ယာန်အများစုဖြစ်သည့် ချင်းပြည်နယ်တွင် ရုံးပိတ်ရက်ကာလ သင်္ကြန်ပွဲတော် တွင် အစိုးရဝန်ထမ်းများအား ကပြဖျော်ဖြေရာ၌ မိမိဆန္ဒအလျောက် ကပြဖျော်ဖြေခြင်းမဟုတ်ပဲ အမိန့်အာဏာအသုံးပြုကာ အတင်းအဓမ္မ ကပြဖျော်ဖြေခြင်းများဖြစ်ကြောင်း အစိုးရဝန်ထမ်းများမှ ရင်ဖွင့်သဖြင့် ၂၀၁၈ ခုနှစ်မှစ၍ ချင်းပြည်နယ်အတွင်း ကျင်းပမည့် သင်္ကြန်ပွဲတော်များ၌ ဝန်ထမ်းများ၏ ဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မ ကပြဖျော်ဖြေစေခြင်းနှင့် ပါဝင်ဆင်နွှဲစေခြင်းများ မရှိစေရန် ချင်းပြည်နယ် အစိုးရအဖွဲ့မှ ပြန်လည်သုံးသပ်ပေးရန်အတွက် PACE အဖွဲ့နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့တို့ဦးဆောင်မှုဖြင့် လူမှုအဖွဲ့အစည်းအချို့မှ ဧပြီလ (၂) ရက်နေ့က ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ စာတင်ပြခဲ့ကြောင်းသိရသည်။

PACE နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့တို့မှ ချင်းပြည်နယ်ဝန်ကြီးချုပ်ထံ စာတင်ပြရာတွင် ချင်းပြည်နယ် အစိုးရအနေဖြင့် လူမျိုးဘာသာမခွဲခြားပဲ လူမျိုးဘာသာတိုင်း၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများအား အလေးထားသည်ကို သိရှိကြောင်း၊ မြန်မာနိုင်ငံသည် ILO ၏ မိမိဆန္ဒအလျောက်မဟုတ်ဘဲ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းများ မပြုလုပ်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးထားသည့်အပြင် မြန်မာအစိုးရ သည်လည်း အဓိမ္မအလုပ်စေခိုင်းမှုပပျောက်ရေးအတွက် ILO နှင့် ကတိကဝတ်ပြုထားကြောင်း၊ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၉) တွင် အဓမ္မစေခိုင်းခြင်းကို တားမြစ်ထားကြောင်း ပါရှိသည်ဟု ထည့်သွင်းရေးထားသည်။

Most read this week

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...