တရုတ် CNPC နှင့် မြန်မာ MOGE တို့ကို တောင်စောက် အခြေစိုက်စခန်းရှေ့တွင် အမ်းတောင်သူများ ဆန္ဒပြမည်

တရုတ် CNPC နှင့် မြန်မာ MOGE တို့ကို တောင်စောက် အခြေစိုက်စခန်းရှေ့တွင် အမ်းတောင်သူများ ဆန္ဒပြမည်
by -
စံမောင်သန်း
ဓာတ်ပုံ- အမ်းတွင် လွန်ခဲ့သည့် မတ် ၂၂ ရက်နေ့က CNPC နှင့် MOGE ကို ကန့်ကွက် ဆန္ဒပြခဲ့ကြသေးသည်။
ဓာတ်ပုံ- အမ်းတွင် လွန်ခဲ့သည့် မတ် ၂၂ ရက်နေ့က CNPC နှင့် MOGE ကို ကန့်ကွက် ဆန္ဒပြခဲ့ကြသေးသည်။

CNPC တရုတ်ကုမ္ပဏီနှင့် MOGE မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းတို့ကို ၎င်းတို့၏ အခြေစိုက်ရုံးတည်ရှိရာ တောင်စောက် စခန်းတွင် အမ်းဒေသခံ တောင်သူများမှ ဧပြီလ ၇ ရက်နေ့တွင် ကန့်ကွက် ဆန္ဒပြသွားမည်ဟု သတင်းရရှိသည်။ 

ဆန္ဒပြရန် စီစဉ်ရခြင်းမှာ အမ်းမြို့နယ်မှ ဒေသခံတောင်သူများက ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့ရသည့် လယ်ယာနှင့် ဥယျာဉ်ခြံမြေများအတွက် လျော်ကြေးပေးရန် ပျက်ကွက်၍ ဖြစ်ကြောင်း အမ်းမြို့နယ် ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလွင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ ဆန္ဒပြမှာက တောင်စောက် အခြေစိုက် စခန်း မိုင်တိုင်အ မှတ် ၈၁/၂ မှာ ဖြစ်ပါတယ်။ အမ်းဒေသခံ တောင်သူ ၁၀၀ ခန့်ပါဝင်ပြီး ဧပြီလ ၇ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဦးမျိုးလွင်က ပြောသည်။ 

ဆန္ဒပြသူများသည် ဆိုင်ကယ်များဖြင့် အမ်းမြို့ စျေးတောင်အမှတ် ၅ ရပ်ကွက် မိုင်တိုင်အမှတ် (၉၃) မှ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအတိုင်း စီတန်းကာ တောင်စောက်အခြေစိုက် စခန်းတည်ရှိရာ မိုင်တိုင်အမှတ် ၈၁/၂ အထိ ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ချီတက် ကြမည်ဟု သိရသည်။

“ဒီဆန္ဒပြပွဲကတော့ မကြာသေးမီက အမ်းမှာပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း ပြုလုပ်တာပါ။ အဲ့ဒီ ဆန္ဒပြပွဲမှာ ဆုံးဖြတ်ချက်တစ်ခုကတော့ ၁၀ ရက်အတွင်း CNPC နဲ့ MOGE တို့ဘက်က ဒေသခံပြည်သူတွေ့ရဲ့ တောင်းဆိုချက်ကို မလိုက်နာလို့ရှိရင် ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရဲ့ တောင်စောက်အခြေစိုက်ခြံဝင်း အဝင်အထွက်နေရာမှာ ထိုင်သပိတ် လုပ်သွားမယ်လို့ ပါရှိပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်တာပါ”ဟု ဦးမျိုးလွင်က နိရဥ္စရာ သတင်းဌာနသို့ ဆက်လက် ပြောသည်။

ဧပြီ ၇ ရက် နံနက် ၈ နာရီတွင် ပြုလုပ်၍ မြေစာရင်းရုံးမှ စုရုံးပြီး စထွက်မည်ဖြစ်ကာ တောင်စောက် အခြေစိုက် စခန်းသို့ နံနက် ၁၀ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး ယင်းအခြေစိုက်စခန်း ခြံဝင်း အဝင်အထွက်အပေါက်တွင် စုရုံးဟောပြောပွဲကို ညနေ ၄ နာရီအထိ ပြုလုပ်သွားမည်ဟု သိရသည်။

လွန်ခဲ့သည့် မတ် ၂၂ ရက်နေ့က အမ်းမြို့နယ် ကျေးရွာအုပ်စု ၉ အုပ်စုမှ ဒေသခံ တောင်သူ လယ်သမား ၁၀၀၀ ကျော်သည် CNPC နှင့် MOGE တို့ကို လယ်ယာနှင့် ဥယျာဉ်ခြံမြေအတွက် လျော်ကြေးရရှိရန် ဆန္ဒပြခဲ့ကြခဲ့ကြသော်လည်း ကုမ္ပဏီများဘက်မှ တစ်စုံတစ်ရာ လိုက်လျောမှု မရှိသဖြင့် ယခုလို ဆက်လက်ပြီး ဆန္ဒပြကြမည်ဟု သိရသည်။ 

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...