ဂွမြို့နယ် ရိုးကျော်လမ်းတွင် ဇာတ်ကားတစ်စီး ချောက်ထဲထိုးကျ၍ ၆ ဦးသေ

ဂွမြို့နယ် ရိုးကျော်လမ်းတွင် ဇာတ်ကားတစ်စီး ချောက်ထဲထိုးကျ၍ ၆ ဦးသေ

ရခိုင်ပြည်နယ် ဂွမြို့နယ် ရိုးကျော်လမ်းတွင် ဇာတ်ကား တစ်စီး ချောက်ထဲ ထိုးကျသွားရာမှ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၁ ဦးတို့ သေဆုံးသွားကြောင်း ဂွမြို့မရဲစခန်း တာဝန်ရှိသူမှ နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“သေဆုံးတာ ၆ ယောက်၊ အမျိုးသမီး ၅ ယောက်၊ အမျိုးသား တစ်ယောက်ပါ။ ဗေဒါဂိတ်အလွန် ရိုးကျော်လမ်းမှာ ပေ ၂၀၀ အနက်ရှိတဲ့ ချောက်ထဲကို ထိုးကျသွားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

၎င်းဇာတ်ကားမှာ အောင်ဆန်းပွင့် ဇာတ်သဘင်မှ ဖြစ်ပြီး ဂွမြို့နယ် ကြွေချိုင်မှ ဇာတ်ကပြီး အပြန် ဧပြီ ၂ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ချောက်ထဲထိုးကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ သေဆုံးသွားသူ အလောင်း ၆ လောင်းစလုံး ဂွမြို့နယ် ဆေးရုံသို့ ရောက်ရှိနေပြီဟု ရဲတာဝန်ရှိသူက ပြောသည်။

နောက်ဆုံးရရှိသော သတင်းအရ ဒဏ်ရာသူများပြားပြီး ယခု ဂွမြို့နယ် ဆေးရုံတွင် ၂ ဦး၊ ရေကြည် ဆေးရုံတွင် ၄ ဦး၊ ငသိုင်းချောင်းဆေးရုံတွင် ၁၂ ဦးနှင့် ရန်ကုန်သို့ ၄ ဦးယူဆောင်သွားရကြောင်း သတင်းရရှိသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...