Published
Thursday, March 29, 2018
ကရင်နီဘာသာ အစီအစဉ် (မတ်လ ၂၉၊ ၂၀၁၈)
မြန်မာနိုင်ငံရှိ တိရိစ္ဆာန်အစာထုတ်စက်ရုံတွေက နိုင်ငံခြားပြောင်း ဝယ်ယူမယ့် အစီအစဉ်ကို ကယားပြည်နယ် ပြောင်းစိုက်တောင်သူတွေက ကန့်ကွက်နေကြပါတယ်။
ပြည်နယ်အစိုးရအနေနဲ့ တိုင်းရင်းသာစာပေနဲ့ယဉ်ကျေးမှုကို မြှင့်တင်ဖို့အတွက် ပြည်နယ်ဘတ်ဂျက်မှာ လျာထားပေးမယ်လို့ ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှိုက ပြောပါတယ်။
အလုပ်အကိုင်တွေ ဖန်တီးပေးမယ့်စက်ရုံတွေကို ကန့်ကွက်ခြင်းမပြုကြဖို့ ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
ကယားပြည်နယ် ဒီးမောဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ တစ်နှစ်ထက်တစ်နှစ် ရေပိုမိုရှားပါးလာတဲ့ပြဿနာကြောင့် ဒေသခံတွေ ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါသလဲ။






