Published
Sunday, April 01, 2018
ရခိုင်ဘာသာ အစီအစဉ် (ဧပြီလ ၀၁၊ ၂၀၁၈)
နိုင်ငံတော်သမ္မတသစ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ မျှော်လင့်တယ်လို့ အမှုရင်ဆိုင်နေရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောဆိုလိုက်ပါတယ်။
မြောက်ဦးရှေ့ဟောင်းသုတေသနရဲ့အကူအညီနဲ့ မြောက်ဦးလေးမျက်နှာဘုရားပုံတူပုထိုးကို ငပလီမြို့မှာ သွန်းလုပ်နေပါတယ်။
ဇီးဖြူကုန်းရပ်ကွက်က ငပလီကမ်းခြေမှာဆောက်လုပ်ရောင်းချနေတဲ့ဆိုင်ခန်းတွေဟာ ခရီးသွားပြည်သူတွေ အပန်းဖြေတဲ့နေရာတွေဖြစ်တဲ့အတွက် ဖယ်ရှားပေးဖို့ တောင်းဆိုနေကြပါတယ်။






