ရခိုင်တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၏ ရေကစားမဏ္ဍပ် ရန်ကုန် ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော်တွင် ပါဝင်မည်

ရခိုင်တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၏ ရေကစားမဏ္ဍပ် ရန်ကုန် ရခိုင်ရိုးရာ ယဉ်ကျေးမှုသင်္ကြန်ပွဲတော်တွင် ပါဝင်မည်

ယခုနှစ် ကျင်းပမည့် ရန်ကုန် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်တွင် ရန်ကုန်တိုင်းရှိ တက္ကသိုလ်များမှ ရခိုင် ကျောင်းသား/ ကျောင်းသူများ၏ ရေကစား မဏ္ဍပ်လည်း ပါဝင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုနှစ် ရခိုင် တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၏ ရေကစားမဏ္ဍပ်ကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ (ရန်ကုန်)မှ ဦးဆောင်သွားမည်ဟု တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်သူ ကိုညီညီဇော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ ရေကစားမဏ္ဍပ်တွင် ရေကစားကြမည့် ကျောင်းသူ များမှာ ရန်ကုန်တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ အနောက်ပိုင်း နည်းပညာ တက္ကသိုလ်၊ စီပွားရေး တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) (၂)၊ သံလျင် တက္ကသိုလ်၊ တိုင်းရင်းသား လူငယ်များ စွမ်းရည်မြင့်တင်ရေး တက္ကသိုလ်နှင့် ရန်ကုန်တိုင်းရှိ တက္ကသိုလ် ကောလိပ်များမှ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့က ရခိုင် တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ ပီပီ ကိုယ့်ရိုးရာ ယဉ်ကျေးမှု တွေကို ဖော်ထုတ်ထိန်းသိမ်းဖို့ လိုအပ်သလို နောက်တစ်ဖက်မှာလည်း ရခိုင် ကျောင်းသား ကျောင်းသူတွေ အကြား စည်းစည်းလုံးလုံး ညီညီညွှတ်ညွတ်နဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ဆောင်လိုတဲ့ အတွက် တက္ကသိုလ်ကျောင်းသား/ ကျောင်းသူ ရေကစားမဏ္ဍပ်ကို ထည့်သွင်း ကျင်ပဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ကိုညီညီဇော်က ပြောကြားသည်။

ရန်ကုန် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင်လူမှုအသင်းအဖွဲ့များမှ စုပေါင်းပြီး ကျင်းပနေရာ ယခုနှစ်တွင် (၁၅) ကြိမ်မြောက် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်တွင် ရခိိုင်ပြည်နယ် မြို့နယ် အသင်းများ၏ ကိုယ်စားပြု မဏ္ဍပ်များ ၁၅ ခုခန့် ပါဝင်မည် ဖြစ်ပြီး ရခိုင်ရိုးရာ စဉ်လာအတိုင်း မဏ္ဍပ်ထဲက မိန်းမပျိုများက တစ်ဖက်၊ အမျိုးသားများကတစ်ဖက် မဏ္ဍပ်ထဲရှိ လှေထဲတွင် ဖြည့်ထားသည့် ရေများဖြင့် အပြန်အလှန် ရေပက်ကစားကြမည် ဖြစ်သည်။

ယခင်နှစ်က ရန်ကုန် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ရေကစားမဏ္ဍပ်ကို ရခိုင် တက္ကသိုလ် ကျောင်းသားပေါင်းစုံ အဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ရခိုင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ တက္ကသိုလ်များ (ရန်ကုန်)မှ ဦးဆောင်ကျင်းပမည် ဖြစ်သည်။

တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ရေကစားမဏ္ဍပ်ကို ၂၀၁၅ တွင် တစ်ကြိမ်၊ ၂၀၁၇ တစ်ကြိမ် ထည့်သွင်းခဲ့ပြီး ယခုတစ်ကြိမ်သည် တတိယ အကြိမ်ဖြစ်ကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...