ရန်ကုန်နွေရာသီမွန်စာပေသင်တန်း မွန်ကလေးများစိတ်ဝင်စားမှုနည်းပါးလာဟုဆို

ရန်ကုန်နွေရာသီမွန်စာပေသင်တန်း မွန်ကလေးများစိတ်ဝင်စားမှုနည်းပါးလာဟုဆို
ရန်ကုန်နွေရာသီမွန်စာပေသင်တန်းတစ်နေရာ(photo: MNA)
ရန်ကုန်နွေရာသီမွန်စာပေသင်တန်းတစ်နေရာ(photo: MNA)

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖေဖော်ဝါရီလမှ ဧပြီလအထိ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီ မွန်စာပေသင်တန်းကို မွန်ကလေးများ စိတ်ဝင်စားမှု နည်းပါးလာနေသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ နိုင်စိုးအောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ယမန်နှစ်က ဖွင့်လှစ်သောရန်ကုန် နွေရာသီမွန်စာပေသင်တန်းကို ကလေးငယ် ၅၀၀ ဦးခန့်တက်ရောက်သင်ကြားခဲ့သော်လည်း ယခုနှစ််တွင် ၄၀၀ ဦးခန့်သာ တက်ရောက်သင်ကြားလျှက်ရှိကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ သိရသည်။

နိုင်စိုးအောင်က “အရင်တုန်းက ကလေးတွေရွေးချယ်စရာသိပ်မရှိဘူး၊ အခုကျတော့ သူတို့ပျော်ရွှင်တဲ့နေရာကိုပဲ သွားကြတယ်။ မွန်စာပေကို စိတ်ဝင်စားမှု ပိုပိုအားနည်းလာတယ်” ဟု ဆိုသည်။

မွန်စာပေကို ကလေးများ စိတ်ဝင်စားအောင် လုပ်ဆောင်နိုင်ရန် လိုအပ်သည့် ဘဏ္ဍာငွေများကို ရန်ကုန်မြို့ရှိ မွန်အလှူရှင်များအပေါ် မှီခိုနေရသောကြောင့်  ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိသေးဟု ၄င်းက ဆက်ပြောသည်။

မိမိတို့၏ စာပေနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရန် မွန်သွေးပါနေသည့် မွန်လူမျိုးများကို မွန်နှင့်သက်ဆိုင်သော နေရာများကို ပွဲထုတ်ပေးခြင်း၊ ထူးချွန်သော ကလေးငယ်များကိုလည်း ဆုချီးမြှင့်ပေးခြင်းအားဖြင့် လုပ်ဆောင်နိုင်သည်ဟု ဥက္ကဋ္ဌ နိုင်စိုးအောင်က ဆိုသည်။

ရန်ကုန်မြို့တွင် နေထိုင်သည့် မွန်မိဘများအနေဖြင့်လည်း မွန်စကားပြောလေ့မရှိသောကြောင့် မွန်စကားမပြောတတ်သောကလေးများနှင့် စာသင်ကြားရာတွင် ဘာသာစကားအခက်အခဲလည်း ရှိနေသည်ဟု သိရသည်။

အလားတူ ပဲခူးမြို့၌ မွန်စာပေသင်တန်းသင်ကြားနေသော ဆရာမ မိချိုအေးက “ကလေးတွေ နည်းလာတယ်၊ အများအားဖြင့် ကလေးတွေ အတန်းနည်းနည်းကြီးလာရင် မိဘတွေက ကျူရှင်ကြိုထားနေကြတယ်” ဟု သူက ပြောသည်။

ရန်ကုန်တိုင်း၌ မွန်စကားနှင့် မွန်စာပေသင်တန်းကို မဆလအစိုးရလက်ထက်မှစတင်သင်ကြားခဲ့ရာ ၁၉၉၄ ခုနှစ်တွင် မြို့နယ် (၅) မြို့နယ်ခန့်၊  ယခုတွင်  မြို့နယ်ပေါင်း(၁၈) မြို့နယ်၌ သင်ကြားနေသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ သိရသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...