မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် သမ္မတ ဦးဝင်းမြင့် ရွေးချယ်ခံရ

မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် သမ္မတ ဦးဝင်းမြင့် ရွေးချယ်ခံရ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်(Internet)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်(Internet)

မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက် နိုင်ငံတော်သမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း ဦးဝင်းမြင့်အား ပြည်ထောင်စုလွှတ်တော်က ယနေ့တွင် ရွေးချယ်တင်မြှောက်လိုက်သည်။

သမ္မတ ဦးထင်ကျော် နုတ်ထွက်ခဲ့ပြီးနောက် လစ်လပ်ခဲ့သည့် နိုင်ငံတော်သမ္မတရာထူးနေရာကို နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲအစီအစဉ် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊ သတ္တမပုံမှန်အစည်အဝေး (၂၀)ရက်မြောက်နေ့တွင် မဲပေးရွေးချယ်ခြင်းဖြစ်သည်။

ထိုသို့ရွေးချယ်ရာတွင် ဦးဝင်းမြင့်  ၄၀၃ မဲ၊ ဦးမြင့်ဆွေ ၂၁၁ မဲ၊ ဦးဟင်နရီဗန်ထီးယူ ၁၈ မဲ၊ ပယ်မဲ ၄ မဲ ရရှိကြောင်း သတင်းမီဒီယာများ ဖော်ပြချက်အရ သိသည်။



နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း 

မွေးဖွား- ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် အဖ ဦးထွန်းကြင်၊ အမိ ဒေါ်သန်းတို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ညောင်ချောင်းကျေးရွာတွင် မွေးဖွားခဲ့သည်။

ပညာရေးအရည်အချင်း- ညောင်ချောင်းကျေးရွာမူလတန်းကျောင်း၊ ဓနုဖြူအထက်တန်းကျောင်း၊ အမှတ်(၆) ပုသိမ်အထက်တန်းကျောင်း၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ် B.Sc (Geology), H.G.P , R.L

တာဝန်ထမ်းဆောင်- အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ(ဓနုဖြူမြို့နယ်)၊ NLD ဓနုဖြူမြို့နယ်စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်။

နိုင်ငံရေးလှုပ်ရှားမှု- တက္ကသိုလ်ကျောင်းသားဘဝကတည်းက နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်ခဲ့၊ ၁၉၈၈ လူထုအရေးတော်ပုံတွင် တက်ကြွစွာပါဝင်ခဲ့။ အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှုကို သုံးကြိမ်တိုင် ခံခဲ့ရ။



* ၁၉၉၀ ရွေးကောက်ပွဲ၊ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်

* ၁၉၉၅ ခုနှစ်၊ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ အတွင်းရေးမှူး

* ၂၀၁၀ ခုနှစ်၊ စီအီးစီ

*၂၀၁၂ ကြားဖြတ်၊ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရ 

* တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းအရေးမှူး

* ၂၀၁၄ ခုနှစ်၊ ပြောရေးဆိုခွင့်ရှိသူ

*၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မဲဆန္ဒနယ် ထပ်မံရွေးချယ်အနိုင်ရ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ။

*မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ၁၉၉၀၊ ၂၀၁၂ ကြားဖြတ်၊ ၂၀၁၅ ရွေးကောက်ပွဲများ၌ သုံးကြိမ်တိုင် ရွေးကောက်ခံခဲ့ရသည့် ပြည်သူ့ကိုယ်စားလှယ်။

*၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ခဲ့။

* ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးခြယ်တင်မြှောက်ခြင်းခံရသည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...