ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ရုံးများ ဆက်လက် ဖွင့်လှစ်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ မြို့နယ်ရုံးများ ဆက်လက် ဖွင့်လှစ်
 မင်းပြားမြို့တွင် မတ် ၂၇ ရက်နေ့က မြို့နယ်ရုံး ဖွင့်လှစ်နေသည်ကို တွေ့ရစဉ်
မင်းပြားမြို့တွင် မတ် ၂၇ ရက်နေ့က မြို့နယ်ရုံး ဖွင့်လှစ်နေသည်ကို တွေ့ရစဉ်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ရခိုင်ပြည်နယ်မှ မြို့သုံးမြို့တွင် မြို့နယ်ရုံးများကို ဆက်လက် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

“ မတ် ၂၄ ရက်နေ့ ပုဏ္ဍားကျွန်း၊ မတ် ၂၅ ရက်နေ့က မြောက်ဦးနှင့် မတ် ၂၇ ရက်နေ့က မင်းပြားမြို့တို့တွင် ဖွင့်လှစ်ခဲ့ပါတယ်” ဟု ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က နိရဥ္စရာသို့ ပြောသည်။

၎င်းမြို့သုံးမြို့ ရုံးဖွင့်ပွဲသို့ ပါတီ ဥက္ကဋ္ဌ ဦကျော်မြင့်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ ဒီလို မြို့နယ်ရုံးတွေ ဖွင့်ရတာက နိုင်ငံရေး ပါတီတစ်ခုရဲ့ ချမှတ်ထားတဲ့ ပေါ်လစီ မူဝါဒနဲ့ အညီ ပြည်သူ လူထုနဲ့ တိုက်ရိုက်တွေ့ဆုံပြီး လူထု အကျိုးကို သယ်ပိုးလိုတဲ့အတွက် ဖြစ်ပါတယ်။ ခုလို ရုံးတွေ ဖွင့်လှစ်ခြင်းအားဖြင့် ပါတီရဲ့ စည်းရုံးရေး လုပ်ငန်းတွေကိုလည်း အများကြီး လုပ်လာနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးမျိုးကျော်က ဆက်လက် ပြောကြားသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် လောလောဆယ်တွင် မြို့နယ်ရုံးများကို မြို့ (၈) ခုတွင် ဖွင့်လှစ်ထားပြီး ၎င်းမြို့များမှာ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ ကျောက်တော်၊ ရမ်းဗြဲ၊ ပေါက်တောနှင့် ကျောက်ဖြူမြို့တို့တွင် ဖြစ်ကြောင်း သိရသည်။

၎င်းပြင် ကျောက်ဖြူမြို့နယ် ရပ်/ကျေးများကိုလည်း ယခုလ အတွင်း ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဦးမျိုးကျော်က ပြောကြားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...